မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှာ
ရင်နှစ်သီးခြာ သားသမီး ရတနာတွေ
ကွယ်ပျောက်သွားလိမ့်မယ်။
မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှာ
တောတောင် ရေ မြေ
ရိုးတံကိုင်းခြောက် ရွက်ပြတ်သစ်တောတွေပြုန်းလို့
စိမ်းစိုမှုလည်း ပျောက်လိမ့်မယ်။
မလာပါနဲ့ …
သင်လာခဲ့ရင် ငါ့ အမိမြေမှ
ကျောက်သံပတ္တမြား စိန်ရွှေရတနာများ
ဇယ်တောက်ကစားဖို့ ကွယ်ပျောက်မယ်လေ။
အယုတ်အလတ် အမြတ်မရွေး
လုပ်ကျွေးပြုသော တိုင်းချစ်ပြည်ချစ်
မြစ် မဟာ ဧရာ။
သမီးပျိုလေး … မိဧရာ …
မိဧရာ ရဲ့လှပလွန်တဲ့
သူ၏ ပုံသဏ္ဍန် သူ့ ဟန်ပန်တွေအတွက်
ပြည်သူအများ ရတက်ပွားနေရပြန်ပေါ့။
သတင်းကြီးသော ရွှေမင်းသမီးလို
၇ ပိုင်း ပိုင်းပြီး ၇ ပြည်ထောင်မှ
မင်းညီ မင်းသား စစ်ခင်းပြိုင်သလို
တိုင်းပြည်အနှံ့ ကြေငြာမောင်းခတ်လိုက်ချင်ရဲ့ …။
မိဧရာ ခေါ် ဧရာဝတီကို
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။
မိဧရာ ခေါ် ဧရာဝတီကို
သူ့စရိုက် သူ့ဟန် သင်လာခဲ့ရင် ပျောက်ပျက်မှာဆိုး … …၊
ကြည့်လိုက်စမ်းပါ … …
ချောင်းကောတိမ်ပျောက်
သိပ္ပံ ထွန်းကား လူတို့ရွာမယ်
သဘာဝ ပျောက် ဒုက္ခရောက်၍
လူသားသတ္တ၀ါ သေကြပျက်စီး
မြည်ဟည်း ပင်လယ်
သဘာဝ ဘေး ကြုံနေတယ်။
ကြည့်လိုက်စမ်းပါ … …
မြစ်ဧရာဟာ လျှို့ဝှက်သဏ္ဍန်
အမျိုးမျိုး ပုံဆောင်လို့
သင်လာခဲ့ရင် ပျက်စီးပျောက်ကွယ် သွားတတ်တယ်။
မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှ
မြေဆီလည်းပျောက် ရေလည်းနောက်
ရိုးတံကိုင်းခြောက် ရွက်ပြတ်တောမှာ
သူ၏ အဖော် သယံဇာတ
ရေ မြေ တော တောင်
မြေပေါ်မြေအောက်
ရေပေါ် ရေအောက်
ဧရာဝတီ အပါ
သင့်ကြောင့် ပျောက်မှာ ဆိုးမိတယ်။
…. … ….
ပျောက်မှာ ဆိုးမိတယ်။
ဒါကြောင့် သင်မလာပါနဲ့ …
မိဧရာ ခေါ် ဧရာဝတီကို
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။
ဒို့ ဘိုးဘွားမြေ
ရိုးရာမပျက် ဓလေ့မပျောက်
ထိန်းသိမ်း ကာကွယ်ထား သင့်တယ်။
ဒို့ ဘိုး ဒို့ ဘွား
ရေမြေ တောတောင် သယံဇာတ
တစ်ယောက် တစ်ခြမ်း ပိုင်ဆိုင်ခြင်းစပ်
ကပြားလေးတွေ ဖြစ်နေတယ်။
ဒို့ ဘိုးဘွား အမွေအနှစ်ကို ချစ်မြတ်နိုးလို့
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။
ခင်လေးနွယ်(မိငယ်ငယ်)။
2 comments:
မြစ်ဆုံရေကာတာစီမံကိန်းကို အပြန်အသတ်လုံးဝဥဿုံ ကန့်ကွက်ပါတယ်...
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
Hi, I have been visiting your blog. ¡Congratulations for your work! I invite you to visit my blog about literature, philosophy and films:
http://alvarogomezcastro.over-blog.es
Greetings from Santa Marta, Colombia
Post a Comment