.

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

01 April 2011

အရင်းရှင်လူတန်းစားများအတွက်။

    ပိုက်ဆံ။

မနေ့ ကငါ့ကို ----
ဒီကနေ့ ငါကပြိုင်။
ဒီကနေ့ ငါ့ကို ----
မနက်ဖြန် ငါကပြိုင်။
ငါ့ကို ငါ ပြိုင် -----
တယ်တော်တဲ့ငါပါလားလို့ -----
ကိုယ့် ဟာ ကို အထင်ကြီး။
ကိုယ့် ဟာ ကို သြဘာသံတွေပေး။
ပီတိဝမ်းမြောက်မှုတွေအပြည့်နှင့် ----
မိုးမမြင် --  လေမမြင် ဖြစ်နေလိုက်တာများ။
အဲ -- သတိရမိလို့  ------
နောက်ပြန်ကြည့်မိတော့မှ
လူတွေတစ်ယောက်မှမရှိတော့ဘဲ -----
ခွေးဝဲစားလေးတကောင် ----
ဝုတ် - ၀ုတ် - ၀ုတ် လို့ ဟောင်ပြီး -----
ငါ့ကိုအားပေးနေပါလား။

                          ဖိုးခွား(ဘိတ်သားလေး)။
                                1 / 4 / 2011

0 comments: