.

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

10 December 2009

SUFFERING IS THE PRACTICE OF THOSE IN CONFLICT............ 2

တစ်နေရာမှာ တွေ့တဲ့ ပါဠိ စကားကို အမြဲမှန်တယ်လို့ ယူဆပြီး

အတွင်းကြည့်.အတွင်းကြည့် ၊ သူများအပြစ်ကို မကြည့်နဲ့ ကိုယ့်အပြစ်ကိုယ်ကြည့် .....ကိုပဲ သိနားလည်ပြီး ကြီးပြင်းလာခဲ့ကြတာ..


အဇ္ဈတ္တံဝါ ကာယေ ကာယာ နုပဿီ ၀ိဟရတိ
ဗဟိဒ္ဓါဝါ ကာယေ ကာယာ နုပဿီ ၀ိရဟတိ
အဇ္ဈတ္တ ဗဟိဒ္ဓါဝါ ကာယေ ကာယာ နုပဿီ ၀ိဟရတိ ၊ (သတိပဋ္ဌါန သုတ်၊ ဒီဃနိကာယ)။


မင်းတို့တွေ အတွင်းချည်းမကြည့်နေနဲ့၊ အပြင်ကိုလဲ ကြည့်ဦး။ ၀ိပဿနာသမားတွေ။ တွေ့တယ်မို့လား.. သတိပဋ္ဌါန်သုတ်မှာ ဘယ်လိုဟောထားတယ်ဆိုတာ။

ပြောတော့ အတွင်းကြည့် အတွင်းကြည့်နဲ့။ အပြင်ကိုပါ ကြည့်ပါ၊ ကြည့်ရမယ် လို့ ဘုရားမဟောဘူးလား။ ကဲ..



အတွင်းချည်းကြည့်နေ တော့ ဘာမြင်မတုံး...ချီး..ပဲမြင်မှာပေါ့ကွ။


ပီနန်ဆရာတော်ကြီး အားမလို အားမရ နဲ့ မိန့်ဆိုတော်မူတာပါ။


ယနေ့မြန်မာ အများစု.. က သူများဘယ်လိုလုပ်နေတာလဲမသိ၊ ကိုယ်လုပ်နေတာ ဘယ်ရောက်နေတာလဲ နားမလည်။


သိထားတဲ့ သုတ်.၀ိနည်း.တစ်ပိုင်းတစ်စ ကို ပရမတ္ထတရားသဖွယ် တရားသေဆုပ်ကိုင်ပီး လုပ်နေကြလို့.. လမ်းလွဲရောက်..လမ်းမှားရောက် နေကြတာ ဘယ်လောက်ကြာနေခဲ့ပြီလဲ..မသိ။

ရလာဒ်က တစ်ဦးနှင့်တစ်ဦး အချင်းချင်း ပြဿနာရှာ.၊ အပြစ်ရှာ.. ချောက်တွန်း.....၊အဆင်းဘီးတပ် ပေးကြတာ.. မြန်မာ့စတိုင် သဖွယ်ဖြစ်လာခဲ့ချေပြီ။


ညီညွှတ်မှုလိုချင်ရင် ..တဦးနဲ့တစ်ဦး အပြစ်တွေ့ရင် ခွင့်လွှတ်ကြ၊
တစ်ယောက်လုပ်တာအောင်မြင်ရင် ကျန်တဲ့သူတွေက appreciate လုပ်ကြ။
.... ဒါက သီတဂူ ဆရာတော်ကြီး သွန်သင်တဲ့ ညီညွှတ်ရေးသြ၀ါဒ။

မှန်ပါတယ်ဘုရား..။



ရဟန္တာ မဖြစ်ကြသေးသ၍ အပြစ်ဆိုတာ ရှိနေကြဦးမှာပဲ။ အပြစ်ရှာရင် လဲတွေ့ကြရမှာပဲ။ ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ.။ အမှားမကင်းတဲ့ လောကီသားတွေမို့.. သူချည်းအပြစ်ရှိမှာ မဟုတ်.ငါ့မှာလဲ အပြစ်နဲ့ပါလားလို့ တွေးဆင်ခြင် ဖို့လိုအပ်ပါလိမ့်မယ်။

တကယ်လို့ ညီညွှတ်ရေးကျင့်စဉ်ကိုသာ နားလည်ကြမယ်ဆိုရင်.....


ရေတစ်ခွက်ခပ်လာသူ ကို ကြည့်ပီး... ရေပြည့်အောင် မခပ်နိုင်ရကောင်းလားလို့ အပြစ်တင်မလား.

ဒါမှမဟုတ်.. အော်..သူရေခပ်တာ ခွက်တစ်ဝက်ပါအောင် ခပ်နိုင်သားပဲ..လို့ချီးမွမ်းကြမလား.....



အချင်းချင်း ညီရင်းအစ်ကို လိုစိတ်ဓါတ်ဖြင့်.. တူတာတွေ ကိုကြည့် ပြီး၊ မဟာယာနဖြစ်ပစေဦးတော့..

ညီညွှတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်။


တို့တစ်တွေဟာ ဆရာတူတပည့်တွေပဲ။

တို့တစ်တွေဟာ ရတနာသုံးပါး ကို သက်ဝင်ကြည်ညိုကြသူတွေချည်းပဲ..

နောက်ဆုံး.. ကုန်ကုန်ပြောရရင်..

တိတ်တိတ်ပုန်းမိန်းမယူ ထားတဲ့ အရေခြုံဒုဿီလ ရဟန်းတု ရဟန်းယောင်ကို ပင်လျှင်...

အော်.. သမ္မာဒိဌိ အယူရှိပါသေးလား၊ ဘာသာခြားဖြစ်မသွားတာကိုပဲ တော်လှပြီ။ကောင်းမြတ်လှပါပီ..။

ဘုန်းကြီး ဒုဿီလ( ပါရာဇိကကျပီးသူ) ဟာ လူဒုဿီလ ထက် အင်္ဂါ၁၀ချက် သာသေးတာပဲ(မိလိန္ဒပဥှာ)။ သမုဒ္ဒရာရေသည် အသေကောင်ပုတ်ကိုလက်မခံသကဲ့သို့ သူ့တရားသူ စီရင်သွားလိမ့်မယ် (ပဟာရာဒ သုတ်..အင်္ဂုတ္ထိုရ်) ။ ဘယ်လိုပဲဖြစ်နေပါစေဦးတော့ .. သမ္မာဒိဌိ ၀င်ပဲမို့ ..

ဘာသာခြား တွေ ထက် သာသေးတာပဲ ဆင်ခြင်သဘောကျ နိုင်ပါလိမ့်မယ်. ( ဒီနေရာမှာ အတွင်း သည် ဗုဒ္ဓဘာသာဝင်၊ အပြင်သည်စည်းသည် ဘာသာခြား) ။

သမဂ္ဂါနံ တပေါ သုခေါ ... ဆိုတဲ့စကားသည် အပြောသာမဟုတ် လက်တွေ့ကျင့်သုံး နိုင်ကြလျက် ပစ္စုပ္ပန် သံသရာကြီးပွါးရေး ဆထက်တိုးစုပေါင်းလုပ်ဆောင်နိုင်ကြမည် ဟု ယူဆမိပါကြောင်း.......။

0 comments: