အရှင်မင်းကြီး …………. အလှူဒါနပြုမယ်ဆိုတဲ့ ပစ္စည်းဥစ္စာတွေကို ကျွန်တော်မျိုးကြီးကို ခေတ္တ ခဏ ပေးပါ။ တိုင်းပြည်ကို ချမ်းသာအောင် လုပ်ပေးပါရစေဦး။
အို ပုရောဟိတ်ကြီး၊ အစကတည်းက အလှူဒါန ပေးဖို့ ရည်မှန်းထားပြီးသားပါ။ ဒါတွေနှင့် တိုင်းပြည်ချမ်းသာအောင် လုပ်မယ် ဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။
ဒီလိုနဲ့ ပုရောဟိတ်ကြီးက ဘုရင်လှူမယ့် ပစ္စည်းဥစ္စာ တွေကို အသုံးပြုပြီးတော့ တစ်တိုင်းပြည်လုံး ဆင်းရဲသား ပပျောက်အောင် စီမံ တယ်။ စီမံပုံက-
ဥပမာ- လယ်ယာလုပ်ငန်း လုပ်နိုင်စွမ်းပါလျက် လယ်ယာ မလုပ်တဲ့သူတွေကို ဘာကြောင့် လယ်မလုပ် သလဲလို့ စစ်ဆေးမေးမြန်းကြည့်တယ်။ အကြောင်းစုံ သိရတဲ့အခါ လယ်ယာ လုပ်ငန်းလုပ်နိုင်အောင် လိုအပ်သမျှ အကုန်ဖြည့်ဆည်း ကူညီပေးတယ်။
ကုန်သွယ်တတ်ပါလျက် ကုန်မကူးနိုင်တဲ့ ပုဂ္ဂိုလ်များကို စစ်ဆေးမေးမြန်းပြီးတော့ ကုန်ပြန်ကူးနိုင်အောင် လိုသမျှ အားလုံး ဖြည့်ဆည်းကူညီပေးတယ်။
ဆိုကြပါစို့ ၊ ဘယ်ဟာတော့ လုပ်နိုင်တယ်၊ လုပ်ချင်တယ်၊ ဘယ်ဟာ မပြည့်စုံလို့ဆိုတာ မဖြစ်ရလေအောင် လိုအပ်သမျှ အလုံးစုံ ဖြည့်ဆည်း အကူအညီ ပေးတယ်။
အဲဒီလို ပေးတဲ့ အခါမှာလည်း စိတ်ဝင်စား စရာ ကောင်းတာလေးတစ်ခုရှိတယ်။ ဟိုတုန်းက လည်း ခုခေတ်လိုပါပဲ။ ချေးကြ/ ငှားကြ/ အတိုးအပွါး ပေးကြ / အပေါင်းအနှံ ခံကြတာတွေရှိပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ ပေရွက်လို ဟာမျိုးပေါ်မှာ လက်မှတ်ထိုးပြီးတော့ ချေးကြ ငှားကြတာ။ ဒါပေမယ့် ပုရောဟိတ်ကြီးက တစ်ဦးနှင့် တစ်ဦး ယုံကြည်စိတ်ချမှု ကို အလေးထားတဲ့ အနေနှင့် လက်မှတ်ထိုးဖို့ မလိုဘူး။ ကြီးပွါးချမ်းသာ အောင်သာ လုပ်ပါ။ ကြီးပွါးချမ်းသာစေချင်လို့ အကူအညီပေးတာပါ။ အလုပ်ကိုသာ အောင်မြင်အောင် လုပ်ဖြစ်အောင် လုပ်ပါ။ မအောင်မမြင်ချင်း အထပ်ထပ် အခါခါ လုပ်ပါ လို့ မေတ္တာ ကရုဏာအပြည့်နှင့် ပြောဆိုပေးဝေ လေ့ရှိသတဲ့။
ဒီလိုနှင့် မကြာမီ မှာပဲ တစ်တိုင်းပြည်လုံး ကြွယ်ဝ ချမ်းသာ တဲ့အဆင့် ရောက်သွားပါတယ်။ ဆင်းရဲသားမရှိတော့ပါဘူး။ အခွန်အကောက်တွေကို အတင်းအကြပ် လုံးဝ ကောက်ခံရခြင်း မရှိတော့ ပါဘူး။ အလိုအလျောက်အခွန်တွေ ကျေပွန်အောင် ဆောင်ရွက်ရုံမျှ မကဘဲ အပိုလက်ဆောင်ပဏ္ဏာတွေ ဆက်သနေကြလို့ ရှင်ဘုရင်က တားယူရတဲ့ အနေအထားမျိုး ရောက်သွားပါတယ်။
ငါက အလှူဒါန ပြုလုပ်ဖို့ စီမံနေတာ၊ မင်းတို့ဆီက ဘာမျှ မယူချင်ဘူး၊ ပြန်ယူသွားကြပါလို့ တောင်းတောင်းပန်ပန် ပြောယူရတဲ့ အဆင့်ထိ ရောက်သွားပါတယ်။ ဒီလိုနဲ့ ခုနစ်ရက်သာ ပြုလုပ်မဲ့ အလှူဒါနကြီးကိုခုနစ် နှစ် ခုနစ်လ ကြာအောင် အကြီးအကျယ် ပြုလုပ်သွားနိုင်ခဲ့ပါတယ်။
ဒီဝတ္ထုထဲမှာ လယ်ယာ ကိုင်းကျွန်းလုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ ကုန်သွယ်မှု လုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ မွေးမြူရေးလုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ လခစား၊ မင်းမှု ထမ်း လုပ်နိုင်သူတွေကိုလည်း သူ့နေရာနှင့် သူ့ဌာန အသီးသီး သင့်လျော်အောင် အလုပ်ခန့်ပေးခြင်း၊ လစာအပြည့်အ၀ ထုတ်ဝေပေးခြင်းတွေ ပြုလုပ်စေပါတယ်။ ဒီတော့ တစ်တိုင်းပြည်လုံး အလုပ်လက်မဲ့ မရှိတော့ပါဘူး။ ကိုယ်ကျွမ်းကျင်ရာ၊ ကိုယ်စွမ်းနိုင်ရာ ကိုယ်လုပ်ချင်တာ အလုပ်တွေ လုပ်နိုင် သွားကြပါတယ်။ ရှင်ဘုရင် အကူအညီ ပုရောဟိတ် အကူအညီတွေနှင့် လုပ်နိုင်သွားကြတာပါ။ ကိုယ့် အလုပ်နှင့် ကိုယ် အလုပ်လုပ်နေကြရတာဖြစ်တော့ ခုခေတ်စကားနှင့် ပြောမယ် ဆိုလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်လာပါတယ်။ သူခိုး ဓားပြ သူပုန်တွေကို နှိပ်စက်တာမျိုးလည်း မရှိတော့ပါဘူး။ သူခိုး ဓားပြ သူပုန်တွေ ကို မရှိတော့တာပါ။ ဘုရင်နှင့် တကွ တစ်တိုင်းပြည်လုံးကြွယ်ဝ ချမ်းသာပါတယ်။ ဒါကို သုံးသပ် ကြည့်မယ် ဆိုလျှင် စာထဲမှာ လယ်ယာ လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ လခစား လုပ်ငန်း စွမ်းနိုင် သူတွေလို့ ပါပါတယ်။ ဒါကြောင့် ပထမ ဦးစားပေး လုပ်သင့်တာက တော့ အရင်းအနှီး နည်းပညာ ဖြန့်ဝေပေးမယ် ဆိုလျှင် စွမ်းဆောင်နိုင်မည့် သူ လုပ်ချင်စိတ်ရှိသူ ၀ါသနာ ပါ ရှိသူများ ကို ဦးစားပေးသင့်ပါတယ်။ ဒါမှ ဖြန့်ချိ ထိုက်တဲ့ အရင်းအနှီး တွေ အဆုံးအရှုံး နည်းပါးပြီး အလျင်အမြန်တိုးပွါးလာမှာ ဖြစ်ပါတယ်။ နောက်မှ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး၊ စသည်ဖြင့် မိသားစုမကျန် စီမံနိုင်ပါတယ်။
ဒါကတော့ စီမံ ခန့်ခွဲ ပုံပြောတာပါ။ အဲဒီလို စီမံ ခန့်ခွဲတဲ့နေရာမှာ အရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ဘုရားဟော ဇာတ်တော်တွေထဲက ထုတ်နုတ်ပြီးတော့ ပြောပါအုံးမယ်။
"Black & White Party" (Sud De France)
1 hour ago
1 comments:
In other cases, the erectile dysfunction issues may be permanent, requiring long-term usage of Viagra online whenever intimacy is desired. Once you understand how and why cheap Viagra works and who can benefit from this medication, you can determine if you are a candidate for using Buy Cialis to treat your own erectile dysfunction problems.
Post a Comment