သီရိဓမ္မာ သောက မင်းကြီးရဲ့ အဘိုးထင်ပါရဲ့၊ တိုင်းရေးပြည်ရေး ကိစ္စ မအောင်မမြင် အခက်အခဲဖြစ်နေ တုန်း စနည်းနာ ထွက်တဲ့အခါ သာမန်အမျိုးတစ်ယောက်က သူ့သားကို ပြောလိုက်တဲ့စကား အားလုံးသိကြပြီးသားပါ။ မုန့်ဆီကြော်လို ၊ မုန့်အိုးကင်းပူလို မုန့်မျိုး အလယ်ကောင်က နှိုက်စားလို့ အပူလောင်ပြီး မစားနိုင်တဲ့ သားကို မုန့်အနားစွန်းက စပြီး ဖဲ့စားဖို့ ပြောလိုက်တဲ့ စကား။ ဒါဟာ သာမန်အမျိုးသမီး တစ်ယောက် က ပြောလိုက်တဲ့ စကားပါ။ တကယ့် တိုင်းရေးပြည်ရေး လုပ်နေတုန်း အခက်အခဲ အကျပ်အတည်း တွေ့နေတဲ့သူ ကြားလိုက်ရတော့ သဘောပေါက်ပြီး လိုက်သွားနိုင်လိုက်တာ ဘယ်လောက်ထိ အောင်မြင်သလဲ မမေးနှင့် သီရိဓမ္မာ သောက မင်းကြီးတို့ ဆွေစဉ် မျိုးဆက်ကြီးတစ်ခုလုံး တည်ထောင်နိုင်တာ အဲဒီစကားရဲ့ ကျေးဇူးပါပဲ။
ဒါကြောင့် နိုင်ငံကောင်းစားရေး၊ အများအကျိုးရှိရေး၊ ပြုလုပ်ကြရာမှာ စည်းရုံးရေးနှင့် နည်းပညာဟာ အဓိက အကျဆုံးပါပဲ။ အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်များ သတိပြုရမှာက ရှာဖွေတွေ့ရှိထားတဲ့ နည်းပညာများကို ဖြန့်ဝေ အကူအညီပေးကြတဲ့ အခါ သက်ဆိုင်ရာ အလုပ်လုပ်သူတွေ အနီးမှာ သက်ဆိုင်ရာ နည်းပညာ ဖြန့်ဝေတဲ့ ဋ္ဌာနရှိနေဖို့ပါပဲ။ အလုပ်မလုပ်သူတွေထံမှာ နည်းပညာဟာ အသုံးမ၀င်ပါဘူး။ အလုပ်လုပ်သူတွေ ထံမှာတော့ နည်းပညာဟာ အရေးကြီးဆုံးလိုအပ်ချက်ပါပဲ။ ဒါကြောင့် အလုပ်လုပ်သူတွေ အနားမှာ သက်ဆိုင်ရာ အလုပ်နှင့်ပတ်သက်တဲ့ နည်းပညာ အကူအညီ ပေးရေးဋ္ဌာနတွေ ရှိနေဖို့ လိုပါတယ်။ သာမန် အလုပ်လုပ်သူ တစ်ယောက် အသုံးချ တတ်အောင် သင်ပြပေးနိုင်တဲ့ အကူအညီပေးနိုင်တဲ့ အမျိုးအစားမျိုးလည်း ဖြစ်စေရပါမယ်။
နည်းစဉ် - ၃
မဟာဝိဇိတာဝီ ဘုရင်ကြီးနှင့် သူ့ပုရောဟိတ်
နောက်တစ်ခု ပြောကြရအောင်၊ ရှေးတုန်းက မဟာဝိဇိတာဝီ ဆိုတဲ့ ရှင်ဘုရင်တစ်ပါး ရှိတယ်။ သူ့ပုရောဟိတ် ကြီးက ဘုရားအလောင်းတော်ကြီးပါ။ မဟာဝိဇိတာဝီ မင်းကြီးက ပစ္စည်း ဥစ္စာ အလွန်ကြွယ်ဝ ချမ်းသာတယ်။ တစ်နေ့တော့ ပုရောဟိတ်ကြီးကို ခေါ်ပြီး တိုင်ပင်တယ်။ `ပုရောဟိတ် ကြီး ……….. အလှူဒါနကြီးပြုချင်တယ်။ စီစဉ်ပေးပါလို့ တိုင်ပင်တယ်။ ဒီတော့ `ပုရောဟိတ်ကြီးက စဉ်းစားတယ်။ ရှင်ဘုရင်က ချမ်းသာနေပေမယ့်လို့ တိုင်းပြည်က ဆင်းရဲနေတယ်။ ရှင်ဘုရင်ခမျာလည်း အလှူဒါန ပြုရပေမယ့်လို့ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေက ရှင်ဘုရင်က သာ ပေါလို့ လှူပေမဲ့ တိုင်းပြည်က ဆင်းရဲလိုက်တာ လွန်ပါရော လို့ ပြောကြတဲ့ အသံကို ကြားရလျှင် စိတ်မချမ်းသာဖြစ်ပြီး ပရစေတနာ ချို့တဲ့ နိုင်တယ်။ ဒါန ကုသိုလ်အတွက် အနှောက်အယှက်ဖြစ်မှာ စိုးရတယ်။ ဒါနကုသိုလ် အားလုံး အပြည့်အ၀ ရရှာမှာ မဟုတ်ဘူး။ ဒါကြောင့် တစ်တိုင်းပြည်လုံးချမ်းသာအောင် အရင်လုပ်ပေးဖို့ တိုက်တွန်းမယ် ဆိုတဲ့ စိတ်ထားနှင့် ရှင်ဘုရင်ကို လျှောက်တင်သတဲ့။
အရှင်မင်းကြီး……… အရှင်မင်းကြီးက အလှူဒါန ပြုသော်လည်း တိုင်းပြည်မှာ သူခိုး ဓားပြသူပုန်တွေ ရှိနေပါတယ်။ အရှင်မင်းကြီးရဲ့ အလှူဒါနပွဲကို စိတ်ချလက်ချ စိတ်အေးချမ်းသာစွာ တိုင်းသူပြည်သားတွေ လာနိုင်ကြမှာ မဟုတ်ပါဘူး။ သူခိုး ဓားပြသူပုန်တွေ ကင်းဝေးအောင် အရင်လုပ်ပေးသင့်ပါတယ်။
ဒီတော့ ဘုရင်ကြီးက ပြောတယ်။ သူခိုးဓားပြသူပုန် ကင်းဝေးအောင် စိတ်ဗိုလ်ချုပ်ကြီးတွေကို တာဝန်ပေးပြီး ဖမ်းခိုင်းလိုက်ပါလားတဲ့။
အရှင်မင်းကြီး သူခိုး ဓားပြ သူပုန်တွေ ကို ဖမ်းဆီး အပြစ်ပေးရုံနှင့် မငြိမ်းအေး နိုင်ပါဘူး။ နောက်ထပ် နောက်ထပ် သူခိုး ဓားပြ သူပုန်တွေ ထပ်ထပ်ပြီး ပေါ်လာအုံးမှာ ပါပဲ။ လာကြောင့်လဲဆိုတော့ ဆင်းရဲမွဲတေလို့ သူခိုး ဓားပြ သူပုန်တွေ ဖြစ်လာကြလို့ပါပဲ။ ဆင်းရဲမွဲတေ မှု ကို မတိုက်ဖျက်နိုင်သမျှ သူခိုး ဓားပြ သူပုန်တွေ ကင်းဝေးအောင် လုပ်နိုင်မယ် မဟုတ်ပါဘူး။
`ဒါဆိုလျှင် ဘာလုပ်ကြမလဲ´
"Black & White Party" (Sud De France)
1 hour ago
1 comments:
This point does not exaggerate, I saw a 10 year-old replica handbags wallet which only hides the color changes slightly the depth, and the edge does not have the obvious attrition. In a word, choose louis vuitton bags are choosing the individuality, high-quality goods. louis vuitton handbags have an extensive and fascinating history. Started in the mid-1800s by a thirty-three-year-old French-born trunk producer, the lv brand is considered to be the oldest designer of fine travel goods and accessories.
Post a Comment