နည်းစဉ် - ၁
ဆင်းရဲသား ပပျောက်ရေး
(၀ါ)
ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေး
စောစောက ပြောခဲ့တဲ့ ဘုရင်ကလေးကျင့်ဖို့ ကျန်နေခဲ့တဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဆိုတာ ဘယ်လိုလုပ် ရမှာလဲ၊ အဲဒီအဖြေမပြောခင် ကြားညှပ်ပြီး ပြောကြပါအုံးစို့။ လွန်ခဲ့တဲ့ ၁၃၆၅ ခုနှစ်လောက်က ဘုန်းကြီး ရန်ကုန်ရောက်နေတုန်း ထေရ၀ါဒတက္ကသိုလ်တက်နေတဲ့ ဦးကုသလ ဆိုတဲ့ ဘုန်းကြီးတပည့် ဦးပဉ္ဇင်းတစ်ပါးက စာအုပ်ကလေးတစ်အုပ်ယူလာပြီး ဘုန်းကြီးကိုပြောတယ်။ သူတို့တက္ကသိုလ်က နိုင်ငံခြားသား ဦးပဉ္ဇင်းတစ်ပါးက မေးသတဲ့။ ဦးပဉ္ဇင်း…….. တပည့်တော်တို့ ဗုဒ္ဓဘာသာက ချမ်းသာနည်း အားလုံး အပြည့်စုံဆုံး ဟောထားတဲ့ ဘာသာလို့ ထင်ရှားပါတယ်။ ဒါပေမဲ့ တပည့်တော်တို့ ဗုဒ္ဓဘာသာ နိုင်ငံအများစုဟာ အဆင်းရဲဆုံးနိုင်ငံတွေ ထဲ ပါဝင်နေတာ ဘာကြောင့်တုန်းလို့ မေးပြီး ၾသစေတးလ် နုိင္ငံက ၾသစေတးလ် နုိင္ငံသား ဦးဓမၼိက ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးရေးတဲ့ `` ကောင်းသော မေးခွန်းများနှင့် ကောင်းသောအဖြေများ ´´ ဆိုတဲ့ စာအုပ်ကလေး တစ်အုပ်ပေးလိုက်သတဲ့။ ဒါနဲ့ ဘုန်းကြီးကလည်း ငါက အင်္ဂလိပ်စာ မဖတ်တတ်ဘူး။ ငါ့ကိုဖတ်ပြီး ဘာသာပြန်ပြ လို့ ပြောလိုက်တယ်။ လိုရင်းပေါ့နော် သူ့စာအုပ်ထဲမှာတော့ စောစောတုန်းက မေးခွန်းမျိုးလို မေးခွန်းမျိုးကို ဒေါက်တာတစ်ယောက်က မေးလို့ အဲဒီဘုန်းကြီး ကဖြေထားတာ။ သူ့အဖြေက ဗုဒ္ဓဘာသာ နိုင်ငံအများစုက ပစ္စည်း ဥစ္စာဓန တော့ ဆင်းရဲပါတယ်။ စိတ်မဆင်းရဲပါဘူး။ (စိတ်မဆင်းရဲပါဘူး ဆိုတဲ့ အကြောင်းကို သူ့စာအုပ်ထဲမှာတော့ ဒုစရိုက်ကျဆင်းမှု စံချိန်စံညွှန်းတွေ ဘာတွေ ညာတွေပေါ့ဗျာ) ဥပမာ- မြန်မာပြည်ကို ကြည့်ပါ ပစ္စည်း ဥစ္စာ ဓန မချမ်းသာပါဘူး။ ဒါပေမဲ့ စိတ်ချမ်းသာမှု အပြည့်အ၀ ရှိကြပါတယ်။ စိတ်ဓါတ်ပိုင်းဆိုင်ရာ နိမ့်ကျမှု မရှိကြပါဘူး။ ဒုစရိုက်မှုခင်းတွေလည်း မများပါဘူး။ ဥပမာ- အမေရိကန် နိုင်ငံကို ကြည့်ပါ။ ပစ္စည်းဥစ္စာဓန ချမ်းသာကြွယ်ဝသူများပါတယ်။ ဒါပေမယ့် စိတ်မချမ်းသာသူတွေ များပါတယ်။ ကိုယ့်ကိုယ် ကို သတ်သေသူတွေများတာ ဒုစရိုက်မှုခင်းတွေ ထူပြောတာတွေနှင့် သက်သေထူနိုင်ပါတယ်။ ဒါက - သူပြောတာ နားထောင်ပြီး ဘုန်းကြီး သဘောပေါက်သလို ပြန်ပြောတာပါ။ အပြည့်အစုံ သိချင်လျှင်တော့ အဲဒီစာအုပ်ကို ရှာဖတ်ပါလို့ ညွှန်ပြပါရစေ။
အဲဒီလိုမျိုးဖြေထားတာ ဖတ်ပြတော့ ဘုန်းကြီးက ပြောလိုက်တယ်။ ဟိုဒေါက်တာ က သိချင်ရှာလို့ မေးတာ အဖြေထဲမှာ က တိုက်ရိုက်ဖြေထားတာ မတွေ့ရဘူး။ အမေး ၀န်ခံမှု တစ်ဝက်နှင့် ပြန်ပက်တဲ့ အနေအထားမျိုးပဲ ရှိတယ်လို့ ဘုန်းကြီး က ပြောလိုက်တယ်။ ဒီမေးခွန်းကို ဘုန်းကြီးမေးလျှင် ဘယ်လိုဖြေမလဲ တဲ့.။
ဟ…………. ငါလည်း ဒီမေးခွန်းကို ကိုယ့်ဟာကိုယ် မေးလာတာ ကိုရင်ကလေးတည်းက ကွ စာကြည့်တိုင်း ဒီမေးခွန်းအဖြေကို ဂရုစိုက်ရှာတာ အဖြေမတွေ့ဘူး။ တို့ကိုရင်ကလေး ကတည်းက ဒါနပြုလျှင် ပစ္စည်း ချမ်းသာတယ်လို့ ကြားသိထားတာ၊ ဒါပေမဲ့ တို့မြန်မာလူမျိုးတွေ ဒါနတွေ ဒီလောက်ကြီး ပြုနေပါလျက်နှင့် ဘာကြောင့် တခြားနိုင်ငံသားတွေလောက် မချမ်းသာတာလဲ၊ ဒီလို အချင်းချင်းမေးကြသလို ကိုယ့် ကိုယ်ကို လည်း မေးလာခဲ့တာပေါ့။ စိတ်ကျေနပ်လောက်အောင်အဖြေ တော့ ရှာမတွေ့ခဲ့ပါဘူး။
ဒါပေမဲ့ လွန်ခဲ့တဲ့ (၇)နှစ် (၈) နှစ်လောက်တုန်းကတော့ အဖြေရှာတွေ့လို့ တရားပွဲတွေ ဟောတဲ့ အခါမှာလည်း ထည့်ဟောခဲ့တယ်။ ကျောင်းလာတဲ့ လူတိုင်းကိုလည်း အဲဒီတရားပဲ ဟောနေခဲ့တာ။ ဒီလိုကွ…….
ဆင်းရဲသားပပျောက်ရေး ဆိုတာ စကြာမင်းကြီးတွေရဲ့ ကျင့်စဉ်ထဲမှာတောင်ပါတာ။ ဘုရားဟော သေချာပေါက် ရှိကို ရှိရမယ် ဆိုပြီး ရှာတာပေါ့။ တွေ့တော့ တွေ့တယ်၊ မဟုတ်သေးဘူး ထင်နေလို့ ဘုန်းကြီးတို့ အထင်က ဆင်းရဲသားပပျောက်ရေး ဆိုတာကို တခမ်းတနား စာမျက်နှာ တစ်မျက်နှာ လောက်တော့ ပါမှာပဲ လို့ ထင်နေတာကိုး။ မဟုတ်သေးပါဘူး ထင်လို့ ထပ်ထပ်ရှာတယ်။ တွေ့ထားတာက ပါဠိ လို (အဓနာနံ ဓနံ အနုပ္ပဒေယျာသိ) လို့ မြန်မာလိုတော့ `` ပစ္စည်းမဲ့သူတို့အား ပစ္စည်း ဥစ္စာ ထောက်ပံ့လိုက်လော´´ ဒါပဲ။ ဆင်းရဲသား ပပျောက်ရေး နည်းဆိုတာ ဒီစာကတော့ ခဏ ခဏ တွေ့နေတာပဲ အဲဒီလောက်နဲ့ မဟုတ်ဘူး ထင်လို့ လျှောက်ရှာနေတာ မတွေ့ပါဘူး ဒါပါပဲ။
ဒီတော့မှ ဒီစာကလေးကို အလေးအနက်ထားပြီး တော့ သေသေချာချာ စဉ်းစားကြည့်တဲ့အခါ တကယ့် (မိန်း) ပဲ ဆိုတာ သဘောပေါက်သွားပါတယ်။ ဟုတ်တယ်လေ (မိန်း) ချထားပြီး မီးပွင့်ခလုတ်တွေ ဖွင့်ပေးမဲ့ မီးမလင်းနိုင်ဘူး မဟုတ်လား။ (မိန်း) ကို ဖွင့်ပေးလိုက်တော့မှ ကျန်တဲ့ မီးခလုတ်တွေကို ဖွင့်လျှင် ဖွင့်သလို မီးလင်းနိုင်ပြီပေါ့။ ဒါကြောင့် ..
ဆင်းရဲမွဲတွေမှု တိုက်ဖျက်ရေး အဓိက (မိန်း) ဆိုတာ `အဓနာနံ ဓနံ အနုပ္ပဒေယျာသိ´ ပစ္စည်းမဲ့ မွဲ ဆင်းရဲသူတို့အား အရင်းအနှီး ဖြန့်ဝေ ထောက်ပံ့ပေးပါ။
"Black & White Party" (Sud De France)
1 hour ago
1 comments:
replica watches collections are replica watche for divers, pilots, Replica Cartier Watches , and world business travelers.-Something as wonderful as a branded watch isn’t made solely for the wealthy and fake watches. You can still enjoy the fashion you want at a reduced cost with a fake watche.
Post a Comment