.

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

16 April 2008

မင်္ဂလာ နှစ်သစ်ပါ..

မင်္ဂလာ နှစ်သစ်ပါ..

မကောင်းမှုကို တားမြစ်တတ်.ပယ်ဖျောက်တတ်တဲ့အတွက် မင်္ဂလာ မည်တယ်။ လွယ်လွယ်ပြောရင် သုံးဆယ့်ရှစ် ဖြာမင်္ဂလာတရားတော်များ ထဲက ကျင့်ဝတ်များကို ကျင့်သုံးလိုက်နာခြင်းသည် မင်္ဂလာ။ ဘုရားရှင် ဟောဖေါ်ညွှန်ပြ ဆိုဆုံးမ ထားတဲ့အတိုင်း ကျင့်သုံးလိုက်နာခြင်းသည်မင်္ဂလာရှိတယ်။ မင်္ဂလာ လို့ပဲ သိနားလည်ကြရပါတယ်။ မင်္ဂလာ ရှိပါစေ လို့ မြန်မာတို့တစ်ဦးနဲ့တစ်ဦး နှုတ်ခွန်းခြွေကြပါတယ်။ ဆန္ဒပြုကြပါတယ်။ မင်္ဂလာရှိအောင်.မင်္ဂလာဖြစ်အောင် ဘယ်နည်းဘယ်ပုံ ပြုမူပြောဆို ကြရမယ်။နေထိုင်ကျင့်သုံးကြရမယ်ဆိုတာ ဗုဒ္ဓဘုရားရှင်က မင်္ဂလာသုတ် တော်မှာ ဟောဖေါ်ညွှန်ကြား ဆိုဆုံးမ ထားခဲ့ပြီးဖြစ်ပါတယ်။ မဂ်လာသုတ်တော်ပါ ညွှန်ကြားချက်များအရ..
ဘုရားသွားကျောင်းတက် ဥပုသ်စောင့်တရားထိုင်မှ မင်္ဂလာရှိသည်.ကုသိုလ်ရသည်မဟုတ်တော့။မိမိတို့ နေ့တဓူဝ အမှုကိစ္စများကို ဘုရားရှင်ညွှန်ကြားထားသည့်အတိုင်း လုပ်ကိုင် ဆောင်ရွက်နေခြင်းသည်ပင်လျှင် မင်္ဂလာဖြစ်နေပါတယ်။ ကုသိုလ်ရရှိနေကြတယ်.ဆိုတာ မှတ်သားရပါတယ်။
ဥပမာ...ကလေးဘ၀ ကျောင်းတက်စာသင်ခြင်း အတတ်ပညာ သင်ယူခြင်းသည် ကုသိုလ်ရတယ်.။ (သိပ္ပဉ္စ)
- အိမ်က ဇနီးမယား..သမီးသား အတွက် စီးပွါးဥစ္စာရှာဖွေ နေခြင်းသည် ကုသိုလ်ရတယ်။ (ပုတ္တဒါရဿ သင်္ဂဟော)
- အဖေအမေ ကို ပြုစုလုပ်ကျွေးခြင်းသည် ကုသိုလ်ရတယ်..(မာတာပိတု ဥပဋ္ဌာနံ)
- ကုသိုလ်ဖြစ်စေ. ပညာဖြစ်စေ.စီးပွါးဥစ္စာဖြစ်စေ တစ်ခုခု ဒါမှမဟုတ်အားလုံး ရနိုင်တဲ့ အရပ်ဒေသ သို့ပြောင်းရွေ့ အခြေချ နေထိုင်ခြင်းသည် ကုသိုလ်ရတယ်။ (ပတိရူပ ဒေသ၀ါသောစ) ..စသည်ဖြင့် သိနားလည်လျှင် ဗုဒ္ဓအဆုံးအမ တော်များသည် နေ့စဉ် ဘ၀ မိမိအရေးလုပ်ငန်းဆောင်တာကိစ္စရပ်များတွင် ဆက်စပ်ပတ်သက် နေတယ်..။ ကုသိုလ်ရနေစေတဲ့ အမှုကိစ္စများဖြစ်နေတာ တွေ့ရပြီး ၀မ်းမြောက်ဝမ်းသာဖြစ်ကြပါလိမ့်မယ်။

ဆရာဘုန်းကြီးက နှစ်တစ်ခု၏ အစဦး အခါသမယ တွင် မင်္ဂလာရှိစေဖို့ မင်္ဂလာသုတ်တော်များကို ချီးမြှင့်ပေးလေ့ ရှိပါတယ်။ ဘုန်းကြီးကျောင်းပညာရေးစနစ် လွှမ်းမိုးအားကောင်းခဲ့စဉ်က ကိုးကွယ်ဆည်းကပ်သူ ဒကာ ဒကာများအတွက် ဘာကိုမင်္ဂလာခေါ်သလဲ၊ မင်္ဂလာရှိအောင် ဘာတွေကျင့်ကြံနေထိုင်ရမလဲလို့ သိနားလည်ပြီးဖြစ်ပါလိမ့်မယ်။ သို့သော်.. ဘုန်းကြီးကျောင်းပညာရေးက အောက်ကျနောက်ကျ ဖြစ်ခဲ့ရပြီးနောက် ပိုင်း ကိုးကွယ်ဆည်းကပ်သူ လူအများ ပါဠိစာပေပါ သွန်သင်ချက်ကို သဘောပေါက်နားလည်မှုအားနည်းလာခဲ့ ကြတယ်လို့ယူဆရပါတယ်။ ဒါကြောင့်လည်း ကလေးကျောင်းပို့တာကို ကုသိုလ်ရတဲ့ဘာသာရေးအဆုံးအမ မဖြစ် သဘောမပေါက်သလို၊ အရွယ်ရောက်လာတဲ့ မိမိ သမီးသား ကို အိမ်ရာတည်ထောင်ဖို့ သင့်တော်ရာ အိမ်ထောင်ဖက် နဲ့ ထိမ်းမြားလက်ထပ်ပေးခြင်းကို လည်း ကုသိုလ်ရစေတဲ့ ဘာသာရေးအဆုံးအမ အဖြစ် (သိင်္ဂါလော ၀ါဒသုတ်) ခံယူကျင့်သုံးမှု အားနည်းလာခြင်း ဖြစ်ပါလိမ့်မယ်။
မင်္ဂလာသုတ်တော်ပါ အဆုံးအမ တော်များအတိုင်း ကျင့်သုံးလိုက်နာနေထိုင်သွားကြခြင်းဖြင့် မင်္ဂလာ ရှိသော နေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေကြောင်း ၁၃၇၀ခု မြန်မာနှစ်သစ်ကို ကြိုရင်း မင်္ဂလာဆန္ဒပြုအပ်ပါတယ်။

ကိုးကား. မင်္ဂလာသုတ်၊ သိင်္ဂါလောဝါဒ သုတ်၊



..

2 comments:

JoJosho said...

See Please Here

Anonymous said...

With their continued efforts, the Omega Company became a reality and is today widely known as one of the companies reputed for producing quality watches on Omega Watches . The Replica Omega Company has so
many wonderful models. One of which is the known as “Replica Omega Watches Date Just”.