.

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

23 September 2011

ဧရာဝတီ ကို ၀ယ်ထားလိုက်မယ်။


မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှာ  
ရင်နှစ်သီးခြာ သားသမီး ရတနာတွေ
ကွယ်ပျောက်သွားလိမ့်မယ်။

မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှာ
တောတောင် ရေ မြေ
ရိုးတံကိုင်းခြောက် ရွက်ပြတ်သစ်တောတွေပြုန်းလို့
စိမ်းစိုမှုလည်း ပျောက်လိမ့်မယ်။

မလာပါနဲ့ …
သင်လာခဲ့ရင် ငါ့ အမိမြေမှ
ကျောက်သံပတ္တမြား စိန်ရွှေရတနာများ
ဇယ်တောက်ကစားဖို့ ကွယ်ပျောက်မယ်လေ။

အယုတ်အလတ် အမြတ်မရွေး
လုပ်ကျွေးပြုသော တိုင်းချစ်ပြည်ချစ်
မြစ် မဟာ ဧရာ။

သမီးပျိုလေး … မိဧရာ …

မိဧရာ ရဲ့လှပလွန်တဲ့
သူ၏ ပုံသဏ္ဍန်  သူ့ ဟန်ပန်တွေအတွက်
ပြည်သူအများ ရတက်ပွားနေရပြန်ပေါ့။

သတင်းကြီးသော ရွှေမင်းသမီးလို
၇ ပိုင်း ပိုင်းပြီး  ၇ ပြည်ထောင်မှ
မင်းညီ မင်းသား  စစ်ခင်းပြိုင်သလို
တိုင်းပြည်အနှံ့  ကြေငြာမောင်းခတ်လိုက်ချင်ရဲ့ …။

မိဧရာ ခေါ်  ဧရာဝတီကို
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။

မိဧရာ ခေါ် ဧရာဝတီကို
သူ့စရိုက် သူ့ဟန်  သင်လာခဲ့ရင် ပျောက်ပျက်မှာဆိုး … …၊

ကြည့်လိုက်စမ်းပါ … …
ချောင်းကောတိမ်ပျောက်
သိပ္ပံ  ထွန်းကား လူတို့ရွာမယ်
သဘာဝ ပျောက်   ဒုက္ခရောက်၍
လူသားသတ္တ၀ါ သေကြပျက်စီး
မြည်ဟည်း ပင်လယ်
သဘာဝ ဘေး  ကြုံနေတယ်။

ကြည့်လိုက်စမ်းပါ … …

မြစ်ဧရာဟာ   လျှို့ဝှက်သဏ္ဍန်
အမျိုးမျိုး ပုံဆောင်လို့
သင်လာခဲ့ရင် ပျက်စီးပျောက်ကွယ် သွားတတ်တယ်။

မလာပါနဲ့ …
သင်လာခဲ့ရင် အမိမြေမှ
မြေဆီလည်းပျောက် ရေလည်းနောက်
ရိုးတံကိုင်းခြောက် ရွက်ပြတ်တောမှာ
သူ၏ အဖော်  သယံဇာတ
ရေ မြေ တော တောင်
မြေပေါ်မြေအောက်
ရေပေါ် ရေအောက်
ဧရာဝတီ အပါ
သင့်ကြောင့် ပျောက်မှာ ဆိုးမိတယ်။

…. … ….
ပျောက်မှာ ဆိုးမိတယ်။

ဒါကြောင့် သင်မလာပါနဲ့ …

မိဧရာ ခေါ်  ဧရာဝတီကို  
ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။

ဒို့ ဘိုးဘွားမြေ
ရိုးရာမပျက်  ဓလေ့မပျောက်
ထိန်းသိမ်း ကာကွယ်ထား သင့်တယ်။

ဒို့ ဘိုး  ဒို့ ဘွား
ရေမြေ တောတောင် သယံဇာတ
တစ်ယောက် တစ်ခြမ်း ပိုင်ဆိုင်ခြင်းစပ်
ကပြားလေးတွေ ဖြစ်နေတယ်။

ဒို့ ဘိုးဘွား အမွေအနှစ်ကို ချစ်မြတ်နိုးလို့

ဒေါ်လာထုတ်စက် ငါ့၌ ရှိရင်
မိဧရာ ကို ၀ယ်ထားမယ်။


        ခင်လေးနွယ်(မိငယ်ငယ်)။

khinlaynwe.paung@gmail.com

ဆက်လက်ဖတ်ရှုရန်...

16 April 2011

Sunday Dhamma School

ပို့စ်တွေ မရေးဖြစ်တာကြာပြီ၊ အင်တာနက် အသုံးရခက်တဲ့နေရာရောက်လို့ပါ ဟု
ဆင်ခြေပြန် ပေးမိခဲ့သည်။ အခု အင်တာနက်သုံးရတာအဆင်ပြေနေပြီလေ၊
ဘာ့ကြောင့်လဲလို့ ထပ်မေးရင်
ရိုးနေတဲ့စကားလုံးအတိုင်းတုံ့ပြန်မိခဲ့ပြန်တယ်၊ အလုပ်မအားလို့ပါ။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟူသည့်အတိုင်း လူတိုင်း အလုပ်ရှိမှ တင့်တယ်မယ်လေ၊
လူတိုင်းပေါ့၊ အလုပ်မလုပ်တဲ့တိုင်းပြည် မွဲပြာကျသလို ငုတ်တုတ်သာ
ထိုင်နေမိရင် ဒီနေရာ ရောက်လာမယ် မထင်ပါဘူး။ အဲဒီအထဲကမှ အလုပ်မရှိရင်
မနေတက်တဲ့ သူငယ်ချင်းတွေ စုမိ၊ ပေါင်းသင်းမိတော့ ပိုဆိုးတာပေါ့၊ ခြေဗွေပဲ
ပါခဲ့ကြလို့လားမသိပါဘူး။ ထိုင်နေရင် ဖျားတယ်၊ နာတယ်၊ ခေါင်းကိုက်တယ်
ဆိုတာတွေ တကယ်ဖြစ်တာပါ၊ 2008 ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဦးဇင်းတို့ရဲ့
Sunday Dhamma School လုပ်ငန်း ယခုထိ ဆက်လက် ရှင်သန်နေဆဲပါလို့
ပြောလိုက်ရင် စောစောက အလုပ်မအားဘူး ဆိုတာ ထင်သာ မြင်သာသွားပါ့မယ်၊
မျှဝေကာ ပေးရင်ဖြင့် တန်းတူအခွင့်အရေးဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဒီမိုကရေစီ
လမ်းစဉ်အတိုင်း ဦးဇင်းတို့ အငြိမ်မနေခဲ့သမျှတွေကို ဘ၀င်မှာ ရွှင်ပျစေဖို့
ရည်ရွယ်ရင်း ၁ နှစ်စာ အပျင်းခိုခဲ့တဲ့ ပို့စ်ကို
ကြိုးစားရေးပေးလိုက်ပါတယ်။
Sunday School၊ မြန်မာပြန်အားဖြင့် တနင်္ဂနွေကျောင်းလို့
အသိများပါလိမ့်မယ်၊ ဘာ့ကြောင့်ခေါ်သလဲ၊ တနင်္ဂနွေနေ့တိုင်း၊ တနင်္ဂနွေနေ့သာ
စာသင်လို့ပါ။ ဘာတွေ သင်ပေးသလဲဆိုရင် ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာ လူငယ်
ပေါင်းစုလို့ ကောင်းမှုဖြစ်စေရန်၊ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ သုခ ရစေရန်
နည်းလမ်းအသွယ်သွယ်တွေပေါ့၊ ဗုဒ္ဓအဆုံးအမတွေပါ၊ ဘယ်လိုသင်သလဲဆိုရင်
ပျော်ပျော်ရွှင်ရွှင်ပဲသင်ပါတယ်၊ လိုချင်အောင် သင်ပေးပါတယ်၊ တတ်ချင်အောင်
ဖိတ်ခေါ်ပါတယ်၊ ဘယ်လိုဖိတ်ခေါ်သလဲ ဆိုရင် ဆော့တတ်တဲ့ကလေးကို
ဆော့စေခြင်းဖြင့်၊ စားချင်တဲ့ကလေးကို ကျွေးစေခြင်းဖြင့်၊
ပျော်တတ်တဲ့သဘာဝကို လွတ်လပ်စွာ ထားပေးခြင်းဖြင့်၊ ပညာလိုလားတဲ့ကလေးကို
အတတ်ပညာအမြင့်ဆုံးအထိ ပေးခြင်းဖြင့် ဖိတ်ခေါ်ပါတယ်၊
တနင်္ဂနွေနေ့စဉ် နံနက် ၇ နာရီက စလို့ ဗုဒ္ဓကို ပူဇော်စေတယ်၊
အသင်းအဖွဲ့တိုင်းရဲ့ အလေးထားရာ အလံတော်၊ ဗုဒ္ဓဘာသာ ဦးဆောင်သူတွေဆိုတော့
သာသနာ့အလံတော်ကိုပေါ့၊ အလေးပြု ဦးတိုက်ရတယ်၊ အလံတော်ရဲ့
အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း ဘုရားဂုဏ်တော် ရွတ်ဆိုတယ်၊ ရောင်ခြည်တော်
ကွန့်မြူးခြင်းရဲ့ အကြောင်းဖြစ်တဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းကို ရွတ်ပွါးစေတယ်၊
ရည်ရွယ်ချက်တွေ မှေးမှိန်ပျောက်ကွယ်မသွားအောင် သတိဆောင်တဲ့ အဓိဋ္ဌာန် ၃
ချက် ပြိုင်တူ ရွတ်ဆိုတဲ့ အလေ့အကျင့် မွေးထားတယ်။
၁။ ကျွန်ုပ်တို့သည် ဘုရား တရား သံဃာ ရတနာမြတ်သုံးနှင့် မိခင် ဖခင်
ဆရာသခင်တို့၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်။
၂။ ကျွန်ုပ်တို့သည် အမျိုး ဘာသာ သာသနာကို အသက်ထက်ဆုံး ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ပါမည်။
၃။ ကျွန်ုပ်တို့သည် လူ့ကျင့်ဝတ်တရားဖြစ်သော ကံငါးပါးကို မြဲမြံအောင်
စောင့်ထိန်း၍ ရပ်ရွာအကျိုး နိုင်ငံ့အကျိုး သာသနာ့အကျိုးတို့ကို
အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပါမည်ဟု အဓိဋ္ဌာန်ပြုပါသည် ဟူသော အသံကို
တနင်္ဂနွေနေ့တိုင်း ဘ၀ဂ်ထံအထိ လွင့်ပျံစေတယ်။ နောက် သတ်မှတ်ထားတဲ့
သင်ရိုးအတိုင်း သင်ကြားရေးကဏ္ဍကို စတင်ကြတယ်။
သိပ်ပြီး အဆန်းထွင်ထားတဲ့ နည်းစံနစ်မဟုတ်ပေမယ့် တကယ်ထိရောက်မှုရှိစေတာပါ။
ကျောင်းတက်ချိန်ကို ၂ ပိုင်းခွဲထားပြီး ရိုးရှင်းအောင်ပြောရရင်
ကိုယ်ပေးချင်တာရယ်၊ သူတို့လိုချင်တာ ရယ်တွေပေါ့၊ နံနက်ပိုင်းမှာ
ကိုယ်ပေးချင်တာကို ပေးတယ်။ ဘာတွေပေးသလဲဆိုရင် အဆုံးအမ၊
လူ့ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းတွေ၊ လိုက်နာရမယ့်စည်းကမ်းတွေ(စာရိတ္တသီလ)
ရှောင်ကျဉ်ရမယ့် ကျင့်ဝတ်တွေ(၀ါရိတ္တသီလ) အစရှိသည်တွေ ပါဝင်ကြတယ်။
ကလေးဆိုရင် ကလေးစိတ်ဝင်စားမယ့် ကဗျာတွေပါတယ်။ ပုံပြင်တွေပါမယ်။
ဇာတ်တော်တွေကို နားထောင်ကောင်းအောင် ပြောတတ်တဲ့ ဆရာ/မတွေ သင်ပြပေးကြတယ်၊
ထိုသူတွေကိုလည်း ဦးဇင်းတို့ကပဲ အပတ်စဉ် စနေနေ့တိုင်း Pre Training
ပေးတယ်။ အခု နောက်ပိုင်းတော့ လက်လွှတ်နိုင်လောက်တဲ့ အရည်အချင်းတွေ
ပြည့်စုံနေကြပြီ ဆိုတော့ ရှေ့ဆက် လုပ်ငန်း တိုးချဲ့ ဖို့
စဉ်းစားနိုင်နေပါပြီ။
ကိုးနာရီ ခွဲတာနဲ့ နံနက် မုန့်စားကျောင်း ဆင်းပါပြီ။ ကလေးဆိုတော့
ဆော့တတ်တယ်၊ အငြိမ်မနေတဲ့သူတိုင်း ဆာလောင်မှု ဖြစ်တတ်ကြတယ်၊
လူအငြိမ်မနေနိုင်သေးရင် ခန္ဓာကိုယ်ရဲ့ ဆာလောင်မှုဖြစ်ပြီး ဖြေသိမ့်ပေးရသလို
စိတ်အငြိမ်မနေနိုင်ရင်တော့ ဆန္ဒဆိုတဲ့ မွတ်သိမ့်မှု ဖြစ်တတ်ကြတယ်။
ကလေးဆိုတော့ ဗိုက်ဆာတာထက် ပိုမဖြစ်နိုင်သေးပါဘူး။ ဒါ့ကြောင့် ဆော့ပြီး
ဗိုက်ဆာတဲ့ ကလေးတွေအတွက် အစီအစဉ်တစ်ခုက အာဟာရ ကျွေးမွေးခြင်းပါ။
၁၀ နာရီထိုးတာနဲ့ သူတို့လိုချင်တဲ့၊ မိဘတိုင်း ဖြစ်စေချင်တဲ့
ခေတ်ပညာကဏ္ဍပါ။ အင်္ဂလိပ်စာ သင်ပေးတယ်။ ကျောင်းစာအထောက်အကူဖြစ်စေမယ့်
လမ်းညွှန်ချက်တွေ ပေးကြတယ်။ နယ်ခံ စေတနာ့ဝန်ထမ်းတွေ ရှိသလို ပုံမှန်
ရန်ကုန်က လာသင်ပေးတဲ့ သူငယ်ချင်းတွေလည်း ပါဝင်ကြတယ်။
အခု ၁၂ နာရီထိုးပြီဆိုတော့ ကျောင်းဆင်းပေးလိုက်ပါပြီ။ စီရီစွာ ကြားရမယ့်
ကျောင်းဆင်း ကဗျာကတော့ ´´လိမ်မာတဲ့ ကလေးလေး ဖြစ်အောင်ကွယ်၊ တို့တွေ
အမြဲတမ်း ကြိုးစားမယ်၊ ဆရာတော်ရဲ့စကား (ဆရာ ဆရာမ စကား၊ ဖေဖေ မေမေစကား)
နာထောင်မယ်၊ ရိုသေလို့ ချစ်ပါ့မယ်´´ ကဗျာနဲ့ ´´အိမ်ကိုပြန်ဖို့
ပြင်ဆင်ကွယ်၊ ကျောင်းဆင်းရတော့မယ်၊ လွယ်အိပ်လွယ်လို့ ဖိနပ်စီး၊ စသည်
(စ)သည်ဖြင့် တို့ ငယ်ငယ်တုံးက သင်ခဲ့ရပြီး အတိတ်ကို ပြန်ပို့ဆောင်ပေးတဲ့
ကျောင်းတက် ကျောင်းဆင်းကဗျာတွေပေါ့။ ဒါဟာ Sunday Dhamma School
(အများသိတဲ့ တနင်္ဂနွေကျောင်း)ရဲ့ ပုံမှန် လည်ပတ် လုပ်ဆောင်ချက်ပါ။
၂၀၀၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ အဲဒီအတိုင်းပဲ
လည်ပတ်လုပ်ကိုင်နိုင်ခဲ့ သေးတယ်လေ။ သူ့လိုပဲ ပုံမှန် လုပ်ကိုင်နိုင်တာ
နောက်တစ်ခုက နွေသင်တန်းတွေ ဖွင့်လှစ်ခြင်းပါ။ နွေကျောင်းပိတ်ရက်တွေမှာ
တနင်္ဂနွေကျောင်း ပုံမှန်မတက်နိုင်ခဲ့တဲ့ကျောင်းသားများအတွက် သီးသန့်
ယဉ်ကျေးလိမ်မာသင်တန်းရယ်၊ အလယ်၊ အထက်တန်းတွေနဲ့ ဘွဲ့ကြို
ဘွဲ့ရတွေအတွက်ရည်ရွယ်တဲ့ အင်္ဂလိပ်စာသင်တန်းတွေကလည်း မပျက်မကွက်
ဖွင့်လှစ်နိုင်ခဲ့ပါသေးတယ်။ နောက်ပိုင်း မြို့ပေါ် ကျေးရွာတွေမှာ
လိုအပ်ချက်တွေနဲ့ မိမိတို့ လုပ်နိုင်တဲ့စွမ်းရည်ပေါ်မူတည်ပြီး
ထပ်မံတိုးချဲ့လိုက်တာက ဆယ်တန်းကျူရှင်ပါ။ ဒါပေမယ့် သတ်မှတ်ချက် စည်းကမ်း
၂ ခုတော့ရှိတယ်၊ အဲဒါတွေကတော့ စီးပွါးရေးသမားတွေရဲ့အခပေးကျူရှင်တွေနဲ့
သူဌေးသားသမီးတွေအများစုသာ တက်ရောက်နိုင်တဲ့ ဘော်ဒါတွေရဲ့
ကျောင်းသားရာသီကုန်ပြီးလို့မှ ယက်သဲ့ကြား ငါးတင် တင်တဲ့ငါးကြောင်စား၊
ကျန်တဲ့ငါး ငါ့အပါး ဆိုသည့်အတိုင်းပဲ ကျူရှင်၊ ဘော်ဒါလည်းမနေနိုင်၊
ဆက်လက်ပြီးတော့လည်း ပညာရေးပန်းတိုင်ကို လျှောက်လှမ်းချင်ကြတဲ့
ဆင်းရဲသားကျောင်းသားတိုင်းအတွက် ရေကြည်စမ်း လို့ အမည်ပေးပြီး
လူငယ်အသင်းထပ်မံဖွဲ့ခဲ့တယ်၊ အဲဒီအမည်နဲ့ပဲ တနင်္ဂနွေကျောင်းလုပ်ငန်းမှာ
ဆယ်တန်းကျူရှင် ဖွင့်လှစ်နိုင်ခဲ့ကြတယ်၊
စတင်ဖွင့်လှစ်ချိန်မှာ ကျောင်းသား ၆၅ ဦး ရှိခဲ့ပေမယ့် လုံ့လ
ဝီရိယမြဲပြီး ဇွဲသန်ကြတဲ့ ၃၄ ဦးသော ကျောင်းသားများသာ
စာမေးပွဲပန်းတိုင်အထိ ကျန်ရှိခဲ့ကြတယ်။ အဲဒီကျူရှင်သင်တန်းကတော့ တစ်ပတ်
မှာ ၇ ရက်လုံး သင်ကြားပေးရပါတယ်။ သင်ကြားပေးသူတွေကတော့
နွေသင်တန်းဖွင့်ပြီးတိုင်း လုပ်ငန်းစိတ်ဝင်စားတဲ့ လူငယ်တွေ
အားဖြည့်ကြတယ်လေ၊ အဲဒီအထဲကမှ ယခုလည်း ကျူရှင်လုပ်ငန်းနဲ့
အသက်မွေးနေကြသူတွေနဲ့ ပြန်လည် စွမ်းဆောင်နိုင်ကြသူ တပည့်တွေ တပည့်မတွေကပဲ
ဦးဆောင်သင်ကြားပေးကြတယ်။ ဘိုကလေးက အထက ၂ ဆိုတဲ့ ကျောင်းက ဆရာ/မ ၁၀
ဦးကတော့ သင်ကြားမှုတွေကို ဦးဆောင်ပေးကြ၊ တည့်မတ်ပေးကြပါတယ်၊
သေချာတာကတော့ တစ်ပြားမှမရတဲ့ ပညာဒါနပါ။ ပညာပဲ ဒါနလုပ်တာမဟုတ်ပါဘူး။
ဆင်းရဲသားကျောင်းသားပီပီ လိုအပ်တဲ့ သင်ထောက်ကူ၊ မိသားစုအရေးကိစ္စတွေကအစ
အားလုံးဖြေရှင်းပေးပါတယ်။ စာမေးပွဲနီးလို့ အနီးကပ် ၁ လ
သင်ကြားချိန်ရောက်တော့ ယခင် ပုံမှန်အချိန်လို မဟုတ်တော့ပါဘူး။ နံနက် ၈
နာရီက စတယ်။ ည ၁၁ နာရီ သိမ်းတယ်၊ နေ့လည်စာကတော့ စီစဉ်မပေးနိုင်လို့
ညနေစာပဲ စီစဉ်ပေးနိုင်ခဲ့တယ်။ သင်ထောက်ကူပစ္စည်း ထပ်မံဖြည့်စွက်ဖို့
ရန်ကုန်က U4 ထံ အကူအညီတောင်းခံခဲ့တယ်၊ Projector တစ်လုံး ငှားရမ်းပြီး
ပါမောက္ခတွေရဲ့ ပို့ချစဉ်တွေ၊ အနီးကပ် မေးခွန်းတွေကို အဆင့်မြင့်မြင့်
သင်ကြားပေးနိုင်ခဲ့ပါတယ်။ ၇၀%နှုန်းတော့ အောင်ချက် မှန်းထားပါတယ်။
သဘာဝတရားကိုက ကိုယ်တိုင်စိုက်တဲ့ သစ်ပင်လေးတွေ ချမကိုက် ပိုးမစား
ထွားထွားကြိုင်းကြိုင်း သန်သန်မာမာဖြစ်စေချင်တာပါ။ သူတို့လေးတွေရဲ့
ဘ၀ပန်းတိုင်မှာ ဆုံးခန်းတိုင် တာဝန်မယူပေးနိုင်ပေမယ့်
အထောက်အကိုင်ဖြစ်စေမယ့် အခက်အခဲကျော်လွှားမှုကို ပေးချင်တာပါ။
အသီးအပွင့်လေးတွေပါ ဝေဆာလာမယ်ဆိုရင်တော့ အတိုင်းမသိပေါ့၊
အဲဒီကျူရှင်သင်တန်းအတွက် ကုန်ကျစားရိတ်အားလုံးဟာ နှစ်စကနေ နှစ်ဆုံးအထိ ၁၀
သိန်းကုန်ကျခဲ့တယ်။ လစဉ် တစ်နေ့ ငါးဆယ်နဲ့ ရေကြည်စမ်းပညာဒါန ဆိုပြီး
အလှူခံထားတာက တစ်လကို ၁ သိန်းရပါတယ်၊ တနင်္ဂနွေကျောင်းလုပ်ငန်းက တစ်လကို
တစ်သိန်းရှစ်သောင်းကုန်ကျတယ်၊ လုပ်ငန်းနှစ်ခုအတွက် အနှုတ်လက္ခဏာ
(အဲလေ၊ပညာဒါနလုပ်ငန်းဆိုတော့) ကိုယ်စိုက်လှူရတယ် ငွေက တစ်လကို
ပုံမှန်၂သိန်း ၆ သောင်းပါ၊ သာဓုခေါ်နိုင်အောင်လို့ပါ။ ညဘက်ဆို
ကျောင်းဆင်းချိန် ၁၁ နာရီနဲ့ နောက်နေ့ သင်္ခန်းစာတွေအတွက် ပြင်ဆင်ရလို့
သူငယ်ချင်းရဟန်းတွေနဲ့ ဦးဆောင်လူငယ်တိုင်း ၁ နာရီကျော်မှ
အိပ်စက်အနားယူရတာ ကြာငြောင်းခဲ့ပြီ။ ယခုတော့ စာမေးပွဲပြီးချိန်
အနားယူဖို့ အားယူမယ်စဉ်းစားတော့ ပြီးတဲ့ရက်က ၁၇ ရက် ၃ လ ၂၀၁၁၊
နွေသင်တန်းဖွင့်ရက်က နောက် ၃ ရက်အကြာ၊ ဘာမှ မပြင်ဆင်ရသေးတော့ ၁ ညသာ
အပူအပင်ကင်းစွာ အိပ်ခဲ့ကြရတယ်၊
နွေသင်တန်း စတင်ပါပြီ။ ယခင်နှစ်တွေကတော့ ရွာတွေအထိ သွားရောက်
သင်ကြားပေးနိုင်ခဲ့တယ်။ ရွာပေါင်း၁၀ရွာတိတိ သင်ကြားပေးနိုင်ခဲ့ကြပေမယ့်
ဒီနှစ်တော့ အဲဒီလောက်အထိ ကုန်ကျစရာ ငွေစက္ကူရှားတာနဲ့ ဒီနှစ်အတွက်
ကျေးရွာသာသနာပြုခြေလှမ်းတွေ တွန့်ဆုတ်ခဲ့ကြရတယ်။ ရွာတွေရဲ့ ခြေလှမ်း
ရပ်တန့်ခဲ့ရလို့ သက်သာမလားမှတ်တယ်၊ နောက်မဆုတ်နဲ့ ကိုကံချွန်လိုပဲ
နောက်မဆုတ်ရဘဲ ရှေ့တိုးခဲ့ရပုံက ဖျာပုံမြို့နယ်က ဖိတ်ကြားချက်ကို
လက်ခံခဲ့ရပြန်တာပါ။ ဖျာပုံမှာလည်း Sunday School ဖွင့်နေတာ ၂ လ ကျော်ပြီ။
ယခု နွေရာသီသင်တန်းဖွင့်ဖို့ ကျောင်းသား ၆၀၀ ကျော် လက်ခံထားကြတယ်၊
အင်္ဂလိပ်စာသင်တန်းလေး အတွက်ပါ တွဲလျက် ကူညီပေးပါဟူသော သာသနာဆိုင်ရာ
လိုအပ်ချက်ကို တောင်းခံလာကြတော့ ၀ါသနာတူချင်းမို့ အရူး
အမဲသားကျွေးသည့်ပမာ လက်ခံပြီး သင်ကြားပေးရတော့မယ်။
ကျောင်းဖွင့်ရက်တွေက အတူတူချမှတ်ခဲ့ကြတယ်၊ ယခုနှစ်အတွက် ရဟန်းအင်အားက ၅
ပါးသာ ရှိတဲ့အတွက် အုပ်ချုပ်ရေးနဲ့ သင်ကြားရေးတာဝန်တွေ ခွဲလိုက်တော့ ၃
အုပ်စုသာရခဲ့ကြတယ်၊ ယဉ်ကျေးမှု သင်တန်းအတွက် ရဟန်းနဲ့ စေတနာ့ဝန်ထမ်း
တစ်အုပ်စု၊ အင်္ဂလိပ်စာသင်တန်းအတွက် ရဟန်းနဲ့ စေတနာ့ဝန်ထမ်းတစ်အုပ်စု၊
ထပ်မံတိုးချဲ့သင်ကြားပေးတဲ့ ရဟန်းနဲ့ စေတနာ့ဝန်ထမ်းက တစ်အုပ်စုရှိခဲ့တယ်၊
ဖွင့်ရက်ပြိုင်တူ သင်စရာဌာန သုံးခုမှာ အုပ်စုတာဝန်ခွဲက ၃ စုကို
လည်ပတ်အောင်စီစဉ်ရတော့ ဂျာအေး သူ့အမေအရိုက်ပြီး မုန့်လုံးကို စက္ကူကပ်
ကဗျာလို ဆိုင်ကယ်တစ်စီးနဲ့ ဘိုကလေး ဖျာပုံ ၂၁ မိုင်ခရီးကြမ်းကို
အပြင်းလှမ်းခဲ့ကြတယ်၊ ၂၁ ရက် စုစုပေါင်းကြာမြင့်ခဲ့တယ်။ အဲဒီရက်အတွင်းမှာ
ကူညီ ထမ်းဆောင် ၊ မြို့နှစ်မြို့အကြား ဘုန်းကြီး ငါးပါးကို
လည်ပတ်အောင်ပို့ဆောင်ပေးကြတဲ့ စေတနာ့ဝန်ထမ်းတွေ အန္တရာယ်နဲ့
ကြုံတွေ့ခဲ့ကြရတယ်။ ဆိုင်ကယ်မှောက်ပြီး ဘုန်းကြီးတွေကတော့
ဒဏ်ရာမရခဲ့ကြပေမယ့် လူငယ်လေးနှစ်ယောက် ဒဏ်ရာ အပြင်းရခဲ့ကြတယ်၊ ညဘက်
အမှောင်ထဲမှာ လကမ္ဘာကဲ့သို့ ချောမွတ်တဲ့လမ်းကြမ်း ၂ ရက်တစ်ခါ
မောင်းနှင်တဲ့ခရီးဆိုတော့ အန္တရာယ်က တကွေ့မကြုံ တကွေ့ကြုံခဲ့ကြရတာပေါ့၊
မှတ်မိနေသေးတယ်။ ည ကိုးနာရီခွဲခန့် ဖျာပုံမှာ စာသင်အပြီး နောက်နေ့ မနက်
ဘိုကလေး ယဉ်ကျေးလိမ်မာ သင်တန်းအတွက် အပြန်ခရီးပေါ့၊ ဖျာပုံက
ငါးမိုင်ခွဲခန့်နေရာမှာ ဆိုင်ကယ်မှောက်တော့ ကျောင်းသားတစ်ယောက်က
လက်နှစ်ဘက်စလုံး သွေးချင်းချင်းရဲလို့၊ တစ်ယောက်က လုံးဝမထနိုင်၊
ဆိုင်ကယ်မီးနဲ့ ထိုးကြည့်တော့ ဒူးခေါင်းမှာ ငှက်ကျီးတောင်ဒါးနဲ့
ပိုင်းထားသလားမှတ်ရတယ်၊ ၇ ချက်လောက်ချုပ်ခဲ့ရတဲ့ အကွဲဒဏ်ရာ၊ ဗိုက်မှာလဲ
ဓားနဲ့ ထိုးထားသလားမှတ်ရတဲ့ ကျောက်ခဲနဲ့ ထိုးမိတဲ့ ဒဏ်ရာ၊ တံတောင်မှာ
ဟက်တက်ကွဲ၊ ရင်ဘက်မှာလည်း သွေးချင်းချင်းရဲလို့။ ဒါတောင် ခေါင်းက
ဆိုင်ကယ်စီးဦးထုတ်ဆောင်းထားလို့ ဦးထုပ်သာ ကျေမွခဲ့ပေမယ့်
ခေါင်းမထိခဲ့ဘူး။ ကံကောင်းစွာ ကျန်ခဲ့တဲ့ ဘုန်းကြီးကတော့
သွေးပျက်လို့ပေါ့၊ ကယ်ပါ ယူပါ တစာစာအော်ခေါ်မိသော်လည်း အသံက မထွက်၊
တွေ့သမျှ နံပါတ် ဖုံးတွေ ဆက်ကြည့်တော့ ဖျာပုံက ဆရာဇော်ဂျီကို
အထိမ်းအမှတ်ပြု ဖွင့်လှစ်ထားတဲ့ ၂၄ နာရီ ဆေးခန်းကား လာရောက်မည်ဟု
ကတိပြုခဲ့တယ်၊ သို့ပေမယ့် သွေးလွန်လျှင် သတိလစ်လျှင်
အန္တရာယ်ဖြစ်မှာစိုးလို့ အမှောင်ထဲ မီးရောင်အနဲငယ် မြင်ရသလို မည်သူမျှ
မရှိတဲ့အချိန် ဘိုကလေးက ရန်ကုန်တက် ခရီးသည်တင်
လိုင်းကားတစ်စီးဆိုက်ရောက်လာတယ်၊ လက်ပြ တားပြီး ဒဏ်ရာရသူတွေကို
လက်ညှိုးထိုးပြ၊ ဘိုကလေးသားအချင်းချင်း အကူအညီရမလားလို့ ငိုပြခဲ့သော်လည်း
နေရာကျပ်နေသည်ဟူသော ဆင်ခြေဖြင့်သာ ကျေနပ်ခဲ့ရပြီး မျှော်လင့်ချက်တွေ
ရေစုန်မျောခဲ့ရတယ်၊
ဒုက္ခရောက်နေသူကို ဥပေက္ခာ ဗြဟ္မစိုရ်တရားနဲ့ တုံ့ပြန်ပေးခဲ့တဲ့
ပွင့်သစ်နိုင်ဆိုတဲ့ 30.3.2011 ည ၈ နာရီခွဲ မီနီဘက်စ်ကားနဲ့ ဒရိုက်ဘာ၊
စပါယ်ယာတွေကို ပို့နေကျမေတ္တာပို့အစဉ်အတိုင်း ပုထုစဉ်သဘာဝ
ပယ်ရှားခဲ့မိတာကတော့ ၀န်ခံချက်ပါ။ အဲဒီလို ဒုက္ခတွေ၊ လူပင်ပန်းမှုတွေ၊
စိတ်ညစ်နွမ်းမှုတွေ၊ ငွေကြေးကုန်ခန်းမှုတွေ တစ်သီကြီးနဲ့
ရင်းနှီးကြိုးစားခဲ့ရတဲ့ သင်တန်းများ 8 ရက် 4လပိုင်းမှာ
ဖျာပုံသင်တန်းသိမ်းပွဲ၊ ယဉ်ကျေးမှုကလေး ၅၅၀ကျော်နဲ့ စုပေါင်းဓါတ်ပုံ၊
ညပိုင်း ပို့ချပေးတဲ့ ၁၅၀ အထက်တန်းအဆင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲ၊
10.4.2011 မှာ ပြုလုပ်တဲ့ ဘိုကလေးယဉ်ကျေးလိမ်မာသင်တန်း၊
အင်္ဂလိပ်စာသင်တန်းဆင်းပွဲ၊ ကွန်ပျူတာသင်တန်းဆင်းပွဲ၊ တစ်နှစ်စာ
အကောင်းဆုံး စေတနာ့ဝန်ထမ်းဆု ချီးမြှင့်ပွဲတွေရဲ့ ဓါတ်ပုံတွေ၊ ကလေးတွေရဲ့
ကျေးဇူးတင်စကားပြောကြားချက်တွေနဲ့ပဲ အမောတွေကို ရေစုန်မျော၊ အနွမ်းတွေကို
အဲဒီပီတိပုံရိပ်လေး တွေနဲ့ အပန်းဖြေ၊ နှစ်သိမ့်စရာ ကျေနပ်စရာလေး တွေကိုပဲ
ရင်မှာပိုက်ထွေးခဲ့ကြပြီး အတာသင်္ကြန် ရက်မှာ ခေတ္တအနားယူကြဖို့ လုပ်ငန်းကို
ရုံးပိတ်ရက် ကြေငြာခဲ့ကြတယ်။
ယခုဆိုရင် ဦးဇင်းတို့ Sunday School(ယခင်) Dhamma School(ယခု)ဟာ
လုပ်ငန်းစဉ် စီမံကိန်းအနေနဲ့ ရပ်တည်နိုင်နေပါပြီ။
ယနေ့တိုင်လုပ်ဆောင်နေတဲ့ ပညာပါရမီလုပ်ငန်းတွေ အကျဉ်းကတော့
၁။ တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ်မာနဲ့ အင်္ဂလိပ်စာသင်တန်း(မူလတန်းသီးသန့်)
၂။ နေ့စဉ် ဆယ်တန်းကျူရှင် (ရေကြည်စမ်းလူငယ်ဦးစီး)
၃။ ဒီဇင်ဘာ၊ နွေရာသီ လူငယ်တရားသင်တန်း၊ ယဉ်ကျေးလိမ်မာသင်တန်း၊
၎။ နွေရာသီ အလယ်၊ အထက်တန်းများအတွက် ကွန်ပျူတာ (ပညာ)ဒါနသင်တန်း။
၅။ စနေ၊ တနင်္ဂနွေနေ့တိုင်း စေတနာ့ဝန်ထမ်း(သီးသန့်) ပညာဒါန ကွန်ပျူတာ၊
အင်တာနက်၊ အီးမေးလ် သင်တန်း၊
၆။ အခါအားလျော်စွာ စေတနာ့ဝန်ထမ်းများအတွက် ဆရာဖြစ် မွမ်းမံသင်တန်းများ၊

ထပ်မံ တိုးချဲ့ ပြုလုပ်မည့် လုပ်ငန်းများကတော့
မူလတန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

ထိုလုပ်ငန်းများအတွက် ပညာရေးလုပ်ငန်းစဉ်လည်ပတ်မှု ကုန်ကျစရိတ်မှာ ၅
သိန်းခွဲခန့် ပါရမီ ပြုရပါသည်။ ထိုအလှူငွေများအတွက်ကိုလည်း
ရေကြည်စမ်းလူငယ် တစ်နေ့ ငါးဆယ် စုဘူးဖြင့် ကြိုးစားခြင်းမှာ ယခုဆိုလျှင်
တစ်လ ငွေပဒေသာပင် ၂ သိန်းခန့် ရရှိနေ၍ အသင့်အတင့်
အောင်မြင်နေပြီဖြစ်ပါသည်။
လိုအပ်ချက်များကို ဖြည့်ဆည်း ပါဝင် ပါရမီပြုလိုပါလျှင်
၁။ ယခု ဆောက်လုပ်နေဆဲ ရပ်တန့်ထားရသော Dhamma School
(တနင်္ဂနွေဗုဒ္ဓဓမ္မသင်တန်း ၂ထပ်ကျောင်းဆောင်တွင်လည်းကောင်း
၂။ လစဉ် ကုန်ကျစားရိတ်အတွက် အသီးအသီး သတ်မှတ်ထားသော အလှူငွေ ပမာဏဖြင့် လည်းကောင်း၊
၃။ ကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖြင့် ထမ်းဆောင်ပြီး
ပညာပါရမီကုသိုလ်ပြု၍လည်းကောင်း အားဖြည့် ပါဝင် ပါရမီကုသိုလ်
ယူနိုင်ကြောင်းကို စပ်မိစပ်ရာများပြောပြရင်းဖြင့် ကုသိုလ်ကြော်ငြာ
ဝင်ခဲ့ပါသည်၊ သူငယ်ချင်းရဟန်း၊ မိတ်ဆွေသီလရှင်၊ လူငယ်စေတနာ့ဝန်ထမ်းနှင့်
သာသနာအစစ်အမှန် ပြုလိုကြသော အလှူရှင်သူတော်ကောင်းအပေါင်းတို့ခင်ဗျား။။။။

နောက်ဆက်တွဲ----------
ထူးခြားပြီး သေသပ်တဲ့ အစီအစဉ်တစ်ခုကို နှစ်စဉ် ကျင်းပခဲ့တာ
ယခုနှစ်မှာတော့ စည်းကမ်းပါ ထပ်တိုးခဲ့တယ်၊ အဲဒါကတော့ စေတနာ့ဝန်ထမ်း
အကောင်းဆုံးဆုတွေ ရွေးချယ် ချီးမြှင့်ခြင်းပါ၊
ပထမအကောင်းဆုံးနဲ့ ဒုတိယအကောင်းဆုံးဆု၊ ပညာသင်ဆု ၂ ဆုတို့ဖြစ်ကြတယ်၊
ပထမအကောင်းဆုံးက တစ်သိန်းခွဲကျပ်+ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဒုတိယအကောင်းဆုံးက
တစ်သိန်းကျပ်+ဂုဏ်ပြုမှတ်တမ်းလွှာ၊ ပညာသင်ဆု ၂ ဆုက တစ်သိန်းခွဲကျပ်
အသီးအသီးဖြစ်ကြပါတယ်။ စည်းမျဉ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။


နှစ်စဉ် ပြုလုပ် ရွေးချယ် ချီးမြှင့်ပေးနေကျဖြစ်သော
တနင်္ဂနွေကျောင်း စေတနာ့ဝန်ထမ်းများနှင့် ရေကြည်စမ်း လူငယ်အသင်းလူငယ်များအတွင်းမှ
တစ်နှစ်စာ အကောင်းဆုံး 2010-The Best Award of Director General Of DS
ချီးမြှင့်ခြင်းစည်းကမ်းများ။

ဆုချီးမြှင့်ရွေးချယ်သတ်မှတ်ရာတွင်
A. တနင်္ဂနွေကျောင်း စေတနာ့ဝန်ထမ်းများသည် ပထမအဆင့်ရွေးချယ်မှု၊ ရေကြည်စမ်း
လူငယ်အသင်းသူ/သား များသည် ဒုတိယအဆင့်ရွေးချယ်မှုဖြစ်ပြီး ကျား / မ
မည်သူမဆို ရွေးချယ်ခံရမည်ဖြစ်သည်။
B. ရွေးချယ်ရာတွင်ဆုတစ်ခုနှင့်၊ တွဲဘက်တစ်ယောက်သာပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
C. ဆုကြေးငွေပမာဏမှာ အမြောက်အများ ဖြစ်သည် မဖြစ်သည် ဆိုသည်မှာ အဓိက
မကျသည့်အတွက် ကြိုတင်ဖေါ်ပြပေးနိုင်ခြင်းမရှိပါ။ ထိုက်တန်စွာ
ဆုပေးမည်ဟုသာ သိစေလိုပါသည်။

အမှတ်ပေးစည်းမျဉ်းများ
1. စေတနာ့ဝန်ထမ်းအချင်းချင်း၊ သင့်မြတ်စွာ ဆက်ဆံပြောဆိုတက်ပြီး
ပုထုဇဉ်သဘာဝအရ ဖြစ်ပေါ်လာသော ပြဿနာငယ်ကလေးများကိုလည်း
ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေရှင်းနိုင်ပြီး လူမှုဆက်ဆံရေး တိုးတက်မှု
အခြေအနေများ သင့်တင့်စွာ ရှိရမည်။
2. ပညာရပ်အားဖြင့် အလုံးစုံ အားကိုးထိုက်သူ
ဖြစ်သော်လည်းကောင်း/မဖြစ်သော်လည်းကောင်း ဦးစားပေးစဉ်းစားမည်မဟုတ်ဘဲ
လုပ်ငန်းဆိုင်ရာတွင်သာ ညီညွှတ်မှုရရှိအောင် ဆောင်ရွက်နိုင်သူ/ ဆောင်ရွက်
နိုင်အောင် ကြိုးစားပေးချင်စိတ်ရှိသူဖြစ်ရမည်။
3. ယခုဖွင့်လှစ်ထားသော Dhamma School လုပ်ငန်းစဉ်သည် မိုးကျရွှေကို
လုပ်ငန်းမဟုတ်ဘဲ မျိုးဆက်သစ်အလိုက် ရေရှည်တည်တံ့အောင် ဆောင်ရွက်ရမည့်
လုပ်ငန်းဖြစ်ရာ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စံနစ်ကို လက်ကိုင်ကျင့်သုံး၍
အစဉ်အဆက် ထိန်းသိမ်းနိုင်သော အရည်အချင်းမရှိသေးသော်လည်း
အလားအလာကောင်းတစ်ဦးဖြစ်နိုင်လောက်သော အရည်အချင်း အသင့်အတင့်
ပြည့်စုံရမည်ဖြစ်သည်။
4. သင်ကြားမှုကဏ္ဍတွင်အားကိုးနိုင်သောအရည်အချင်းနှင့်
အချင်းချင်းလူမှုဆက်ဆံရေး တိုးတက်မှု တို့တွင် ပေးမှတ်ရာနှုန်း%
များမည်ဖြစ်သည်။
5. မိမိအခက်အခဲများစွာကြားမှ Dhamma School ၏ ပညာပါရမီလုပ်ငန်းကို
အချိန်ပြည့် မဟုတ်သည့်တိုင်အောင် စွမ်းဆောင်နိုင်သရွေ့
ပြုလုပ်ပေးခြင်းတွင်လည်း ရ မှတ် ရရှိမည်ဖြစ်သည်။
6. တာဝန်ကိုယ်စီ အသီးအသီးအလိုက် ဦးဆောင်မှုအရည်အချင်းရှိသူက
ဦးဆောင်ရဲတဲ့ သတ္တိရှိခြင်း နှင့် ဦးဆောင်မှုအတွက် ကြိုးစားဆဲကာလတွင်
နောက်လိုက်ကောင်းပီသစွာ အတုယူတက်မှု၊ ကြိုးစားတက်မှုတို့ သည်လည်း
အမှတ်အတူတူပင်ဖြစ်သည်။
7. မိမိတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့အသိဖြင့်
စေတနာ့ဝန်ထမ်း(မိမိကိုယ်ပိုင် စေတနာ့၏ ၀န်ကို ထမ်းနေပါတယ်)ဆိုတဲ့
ပညာရှိဆန်သော အသိကို သိရှိနေခြင်းသည်လည်း ပေးမှတ်စရင်းတွင် ပါဝင်သည်။
8. မိမိ၏ ကိုယ်ပိုင်အားနည်းချက်ကိုလည်း ကောင်းစွာ ရှုမြင်နိုင်ပြီး
ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင် မိမိ၏ မာနကို နှိမ်ချကာ ဆက်ဆံတက်မှုသည်လည်း
အမှတ်ပေးစည်းကမ်းနံပါတ် ၄၊၁၊၅၊၆ တို့နှင့် အတူတူ ဖြစ်ပါသည်။
9. လုပ်ငန်းစဉ်ကြီးကျယ်လာသည်နှင့်အမျှ လိုအပ်နေသော
စေတနာ့ဝန်ထမ်းများကိုလည်း စိတ်ပါဝင်စားအောင် ရှင်းလင်းပြသတက်၍
အသစ်ဝင်ရောက်လာသူတို့အား နွေးထွေးစွာ ကြိုဆိုလိုစိတ် အပြည့်ရှိခြင်း၊
အရည်အချင်းသာလျှင် အဓိက ၊ အရေအတွက်သည် ပဓာနမဟုတ် ဟု ဆိုသော်လည်း ထိုအရေ
အတွက်ထဲမှပင် အရည်အချင်းကောင်းများထွက်ပေါ်လာနိုင်သည်ဟုသော မူကို
လက်ကိုင်ကျင့်သုံးတက်သူ၊ ကျင့်သုံးလိုစိတ်ရှိသူ သည်လည်း အမှတ်စဉ် နံပါတ်
၎ ကဲ့သို့ ရာနှုန်းမှတ်% ရရှိနိုင်သည်။
အထက်ပါစည်းမျဉ်းများနှင့် ပြည့်မှီလျှင်သော်လည်းကောင်း၊
အနီးစပ်ဆုံးဖြစ်သူကိုသော်လည်းကောင်း ရွေးချယ်၍ လက်ရှိ
စေတနာ့ဝန်ထမ်းများနှင့် အနီးကပ် သင်ကြားစီမံဆရာတော်များဖြစ်သော
ဦးဆောင်ဆရာတော် (၄)ပါး ရေကြည်စမ်း ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး
(၆)ဦးကော်မတီအဖွဲ့ထံ တင်ပြ ဆွေးနွေး အတည်ပြုချက် ရယူပြီး နှစ်စဉ်
နွေရာသီ သင်တန်းများပြီးချိန်တိုင်း ထိုက်တန်စွာ ပေးအပ်
ချီးမြှင့်သွားမည်ဖြစ်ပါသည်။
ဝန်ခံချက်။ ။ 2010-The Best Award of Director General Of DS
ဆုချီးမြှင့်ခြင်းအစီအစဉ်သည် 2010 ခုနှစ် တွင် ပထမအကြိမ်အဖြစ် စတင်
ပေးအပ်ခဲ့ဖူးသည်၊ ထိုအကြိမ်တွင် (only Eyewitness) မျက်စိအမြင်ဖြင့်သာ
ဆုံးဖြတ်ခဲ့သောကြောင့် ဘက်လိုက်သည်ဟူသော အမြင်မျိုး ပုထုဇဉ်သဘာဝ
ရှိကောင်း ရှိနိုင်မည်၊ သို့အတွက်ကြောင့် ယခုနှစ် 2011-The Best Award of
Director General of DS ဆုချီးမြှင့်ခြင်းတွင် အချက်အလက်များဖြင့်
ရွေးချယ်စီစစ်သတ်မှတ်မှာဖြစ်ပြီး နောက်နှစ်တွင်
ထိုအချက်အလက်များအတွင်းမှ လိုသည်များကို ဖြည့်ဆွက်၊ ပိုသည်များကို
နှုတ်ပယ်ကာ ထို စည်းမျဉ်းအတိုင်း ဆိုင်ရာ အလှူရှင်၊ ဆရာတော်များ၊
ကျောင်းသားများကိုယ်တိုင် မဲပေးစံနစ်ဖြင့် ပေးအပ်ချီးမြှင့်သွားမည်
ဖြစ်သည်။
ချီးမြှင့်ပေးမည့်ဆုများအရေအတွက်များမှာ
၁။ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံးဆု၊
၂။ Dhamma School လုပ်ငန်းစဉ်တစ်လျောက် အကောင်းဆုံးဆု
ချီးမြှင့်ပေးမည့် ဆုအမျိုးအစားများမှာ၊
(က) The Best Award of 2010 အတွက် ငွေသားဆုနှင့် ဆုအမှတ်တံဆိပ်တစ်ခု
(ခ) Dhamma School လုပ်ငန်းစဉ်တစ်လျှောက် အကောင်းဆုအတွက် ပညာသင်စား၇ိတ်
ထောက်ပံ့ခြင်းနှင့် အခြားခံစားပိုင်ခွင့်တစ်ခု
(ဂ) တွဲဘက် ရရှိသောသူအတွက် ထောက်ပံ့ခြင်းအစီအစဉ်တစ်ခု တို့ ဖြစ်ကြပါသည်။

ဆက်လက်ဖတ်ရှုရန်...

01 April 2011

   ခလေး - လေး ရေ။

ငိုနေတဲ့ ငါ့နှလုံးသားက ----
ရယ်နေတဲ့ ငါ့နှုတ်ခမ်းကိုပြောတယ်။
သူလည်း ငါ့လိုပျော်ချင်တယ်တဲ့။
အဲဒီတော့ မျက်ရည်လည်နေတဲ့ ----------
ငါ့ မျက်ဝန်းက သူလည်း ဟန်ဆောင်နေတာပါ လို့ ------
ငိုနေတဲ့ ငါ့နှလုံးသားကို ----
ပြန်ပြီး နှစ်သိမ့်မှုတွေပေးရတာပေါ့။
 
              ဖိုးခွား(ဘိတ်သားလေး)။


ဆက်လက်ဖတ်ရှုရန်...

အရင်းရှင်လူတန်းစားများအတွက်။

    ပိုက်ဆံ။

မနေ့ ကငါ့ကို ----
ဒီကနေ့ ငါကပြိုင်။
ဒီကနေ့ ငါ့ကို ----
မနက်ဖြန် ငါကပြိုင်။
ငါ့ကို ငါ ပြိုင် -----
တယ်တော်တဲ့ငါပါလားလို့ -----
ကိုယ့် ဟာ ကို အထင်ကြီး။
ကိုယ့် ဟာ ကို သြဘာသံတွေပေး။
ပီတိဝမ်းမြောက်မှုတွေအပြည့်နှင့် ----
မိုးမမြင် --  လေမမြင် ဖြစ်နေလိုက်တာများ။
အဲ -- သတိရမိလို့  ------
နောက်ပြန်ကြည့်မိတော့မှ
လူတွေတစ်ယောက်မှမရှိတော့ဘဲ -----
ခွေးဝဲစားလေးတကောင် ----
ဝုတ် - ၀ုတ် - ၀ုတ် လို့ ဟောင်ပြီး -----
ငါ့ကိုအားပေးနေပါလား။

                          ဖိုးခွား(ဘိတ်သားလေး)။
                                1 / 4 / 2011

ဆက်လက်ဖတ်ရှုရန်...

29 March 2011

ခလေး - လေး ဆီသို့ ။

ခလေး - လေး ဆီသို့ ။


ခပ်ပြုံးပြုံးလေးပဲ့ပေါ့။
အသဲကွဲနေလားတဲ့ ------------
မေးတဲ့သူတွေ မေးနေကြပေမယ့် ---
ကိုယ် ခေါင်းလေးယမ်းယုံပဲ့ပေါ့။
ကိုယ့် ရင်ထဲကဝေဒနာ ---------
ရူးမတတ်အောင် ခံစားရပေမယ့် ---
ဘယ်သူ မြင်မှာ / သိမှာ လဲလို့  -----
ခပ်ပြုံးပြုံးလေးပဲ့ပေါ့။
အိပ်မက်ဆိုးတွေနဲ့ လန့် နိုးခဲ့တဲ့ညတွေမှာ ----------
ပြန်အိပ်ဖို့ မရနိုင်လောက်အောင် -----
ကြောက်ရွံ့နေခဲ့ရတာကို ------
ဘယ်သူ မြင်မှာ / သိမှာ လဲလို့ ------
ခပ်ပြုံးပြုံးလေးပဲ့ပေါ့။
ဆောက်တည်ခဲ့သမျှ -----
မျှော်လင့်ခြင်းတွေအားလုံး -----
သဲထဲရေသွန် အဖြစ်နှင့်တိုးခဲ့တော့ --------
ပြန်လည်အားတင်းနေရမှန်း ---------
ဘယ်သူ မြင်မှာ / သိမှာ လဲလို့ -------
ခပ်ပြုံးပြုံးလေးပဲ့ပေါ့။
ဖိုးခွား(ဘိတ်သားလေး)။

ဆက်လက်ဖတ်ရှုရန်...

22 March 2011

အမေ






  
                                                                                                                           အမေ ----- ။           


                                                                                တစ်မိုးသောက်လို့  ---  ရောင်နီပျိုးအံ့
                                                                  အလင်းထွက်ပေါ်လာတဲ့  ---  နေ့ သစ်ကိုရောက်လာတော့  
                                                                             အမေ ရှိရာ မျှော်ကာမှန်းဆ  တမ်းတမိ၏။ 
                                                                              တစ်နေညိုလို့  ---  အလင်းကွယ်ပျောက်
                                                                           အမှောင်ထုကြီး  ---  စိုးမိုးလာပြန်တော့လည်း
                                                                            အမေရှိရာ  ---  အနောက်အရပ်ဒေသကိုပဲ့
                                                                            ငေးလို့ လွမ်းဆွတ် မျက်ရည်စိုခဲ့ရပြန်တယ်။ 

                                                                                                         ဖိုးခွား(ဘိတ်သားလေး)။ 
                                                                                                              ၂၃ / ၃ /၂၀၁၁
                                                           
         

ဆက်လက်ဖတ်ရှုရန်...

12 December 2010

Visa-on-Arrival for Buddhist pilgrims from 5 more countries

NEW DELHI: As a New Year gift to Buddhist pilgrims, the government has decided to extend Visa-on-Arrival facility to five ASEAN countries from January 1.

"It is being decided that Visa-on-Arrival (VoA)facility would be extended to five more countries -- Cambodia, Philippines, Vietnam, Laos and Myanmar. The scheme would be operational from the New Year 2011," a senior Tourism Ministry official said.

The single-entry visa, to be issued at Delhi, Mumbai, Chennai and Kolkata airports, will have a validity of 30 days.

"The decision was taken after due discussion with the ministries of External Affairs and Home. A formal announcement in this regard will be made soon," the official said, adding, "the VoA would facilitate in attracting more Buddhist pilgrims from these countries."

India had launched the VoA in January on a pilot basis for Singapore , New Zealand, Japan , Finland and Luxembourg.

"The response is so far good and 5,644 tourists availed this facility between January and November this year. Now we want to include more countries," he said.

Tourism Ministry has signed an MoU with International Finance Corporation to develop the Buddhist circuit.

"Currently, there is a special train connecting Buddhist sites and steps are being taken to make this circuit a well-connected route," the official said.

Source : The Economic Times

ဆက်လက်ဖတ်ရှုရန်...

04 December 2010

Buddhist monks offer prayers for world peace on Tripitaka festival

ANI, Dec 3, 2010

Bodh Gaya, India -- Buddhist Monks from 54 countries gathered at the Mahabodhi Mahavihara temple located in Bihar's Bodhgaya district to offer prayers for world peace on the occasion of the Tripitaka festival.

As a part of the festivities, the monks would recite the holy Buddhist scripture called 'Tripitaka'.

"Monks from approximately 54 countries have come to offer prayers here. Tripitaka, the Buddhist scripture, includes over 18,000 discourses and around 84,000 stories of Gautam Buddha. We recite these scriptures here and apply these teachings in our daily lives," said Bhante Ashokvansh, a monk.

"We also propagate these teachings to others so that it provides peace and happiness to all," he added.

The Bihar Governor, Devanand Konwar, has inaugurated the festival by offering prayers in the temple.

Monks from various countries also gathered under the holy Bodhi tree for special prayers. The Bodhi tree is a 'peepul' under which the Buddha achieved enlightenment.

Situated on the banks of Niranjana River, Bodhgaya is a highly revered site for Buddhists.

The festival would continue for ten days till December 12.

ဆက်လက်ဖတ်ရှုရန်...

20 October 2010

Meditation reduces stress, instills compassion

CNN, Oct 18, 2010

Atlanta, GA (USA) -- A meditation practice invented more than 1,000 years ago may have real health benefits for people today, researchers at Emory University say.

These scientists are looking at how an ancient Tibetan Buddhist meditation practice called Lojong may help reduce stress itself, as well as improve the immune system's response to stress, said Dr. Charles Raison, principal investigator of the study at Emory and CNNHealth mental health expert.

Raison planned to present preliminary results of the study to the Dalai Lama, who attended the Compassion Meditation Conference on Monday. The project is called the Compassion and Attention Longitudinal Meditation Study (CALM).

"Lojong" means "mind training," and this specific practice is aimed at making a person more compassionate toward others, including friends and enemies. This is the type of meditation that the Dalai Lama primarily practices, Raison said.

"It tries to train people to rethink and reimagine their relationships with other people," Raison said. "It's a series of visualizations and mental challenges where you use meditation to challenge why you feel the way you do about people."

Participants are taught to look at all people equally as being valuable and important, and then attempt to develop strong feelings of compassion. They first examine compassion toward people they already care about, then toward people about whom they feel neutral, and then finally enemies.

"In its purest form, it's a way of practicing, of learning to become very thankful for your enemies because they help teach patience and caring," he said.

Raison and Geshe Lobsang Tenzin Negi, lecturer in Emory's religion department have been working on methods of testing the effects of this meditation practice on the human body. They have preliminary results from a group of Emory University students as well as a more recent study on teenagers in foster care in Georgia.

In both groups, researchers found that the more a person practices, the more stress-reduction benefits he or she receives. It appears that just going to the six or eight weeks of classes is not enough, however; those who showed the best outcomes had meditated on their own time as well, Raison said. The available data suggest that you can get stress-related benefits from meditating three to four times a week, he said.

"It’s not necessarily something that would require a complete change of life. You don’t have to go off and go to a monastery," he said.

A challenge for both groups - college students and teenagers in foster care - is finding a quiet place to do meditation outside of class, Raison said. In general, the best venues for meditation are quiet places where the person feels peaceful, which may be somewhere outside, he said.

Besides looking at stress responses, the researchers are also trying to measure whether the meditation has a real effect on the participants' behavior. They did a small test of this by having participants wear an electronically activated recorder before beginning and after finishing the meditation interventions,

The recorder is used to evaluate the effect of the study interventions on the participants’ social behavior by periodically recording bits and pieces of ambient sounds from participants’ daily lives. Ambient sounds of the person's daily interactions are recorded.

Preliminary data suggest that indeed the meditation did make participants more compassionate in their interactions, but more study needs to be done to confirm this, Raison said.

The project will, in the future, also look at the effect of meditation on brain structure, by taking images of the brains of participants, he said.

ဆက်လက်ဖတ်ရှုရန်...

17 October 2010

Sri Lankan activists oppose plan to train boys as monks

By Saroj Pathirana, BBC News, Oct 15, 2010



Colombo, Sri Lanka
-- Child rights activists in Sri Lanka have criticised a plan by the prime minister to ordain 2,600 boys as Buddhist monks by next May.

Prime Minister DM Jayaratne says the move is aimed at boosting Buddhism and lifting young people out of poverty.

Next May marks the 2,600th anniversary of Lord Buddha's enlightenment.

Activists say the boys are too young to be ordained. There have also been reports of sexual abuse in the temples, strenuously denied by the authorities.

Public donations

Mr Jayaratne told BBC News the young monks would be helped financially and funded to go to university. The government also plans to provide financial assistance to their families, he said.

"We will be seeking donations from the public but if there are shortcomings, the government will provide funds," he said.

But activists are angry at the plans to ordain the boys, who they say could be as young as 10.

They say children have a universal right to be with parents, siblings and friends until they reach the age of 18.

Dr Hiranthi Wijemanne, an activist who is nominated by Sri Lanka to a UN child rights panel, said the leading Buddhist monks should show an example by opposing such schemes.

"I think it is our duty to oppose ordaining boys as it is a clear violation of children's rights," she said.

She says children from rich families are rarely ordained at such a young age.

'Crime'

Sri Lanka's National Child Protection Authority (NCPA) has arrested scores of Buddhist monks for alleged sex abuse of boys in their care in recent years.

Just one monk was convicted on sex abuse charges. There have been numerous allegations of abuse from parents and children.
Sri Lanka President Rajapaksa (l) with Prime Minister DM

Leading paediatrician Harendra de Silva urged the Sri Lankan authorities not to allow the Buddhist temples to repeat "what happened in the Catholic Church", referring to the child sex abuse scandal that led Pope Benedict to offer a formal apology.

"I can't fully compare it with Tamil Tigers' child soldier recruitment, but there are some similar aspects," Prof de Silva, a former chairman of the NCPA, told the BBC.

"I strongly condemn this crime against our children," he said, adding that the government should improve the country's economy rather than "allowing the children to be abused".

Discussing child abuse - particulary in Buddhist temples - is taboo in Sri Lanka, as it is in many conservative societies in South Asia.

The BBC repeatedly sought the government's view on fears the boys could be abused. Children's Affairs Minister Tissa Karalliyadda did not respond.


ဆက်လက်ဖတ်ရှုရန်...